Part-20🔥

2.5K 230 18
                                    

Unicode;

“ဆော့ဂျင်....!”

“ဟေ...ဟင်...!”

ဆော့ဂျင်အတွေးပေါင်းစုံပျံ့လွှင့်နေတုန်းသူ့ပခုံးကို ဂျီမင်းလှုပ်ရမ်းတော့မှအသိစိတ်ဝင်လာတော့သည်... သူမဟုတ်တာတွေတွေးနေမိတာ... Jeon Jungkook ကဘယ်လောက်ပဲဆိုးအုံးတော့ လူတစ်ယောက်လုံးကိုဒီလိုဖြစ်အောင်တော့လုပ်လောက်မယ်ထင်ဘူး သူအတွေးပိုနေမိတာပဲ....

“အတန်းခေါင်းဆောင်သနားပါတယ်နော်...
ဘယ်လိုဖြစ်တာလဲမသိဘူး...”

seokjin;“သူဆိုးဆိုးဝါးဝါးမဖြစ်လောက်ဘူးမလား... ”

“ခုနကပြောသံကြားတာ မြက်ခင်းပေါ်မှာ အတန်းခေါင်းဆောင်ကိုတွေ့တာတဲ့...တကယ်တော့လေ ငါမင်းကိုပြောစရာရှိတယ်...”

“အင်း…”

“ မင်းအတန်းထဲပြန်မလာခင်က အတန်းခေါင်းဆောင်ကို Jeon Jung Kook ကခေါင်မိုးပေါ်မှာစာရင်းရှင်းမယ်ဆိုပြီး လာကြမ်းသွားသေးတယ်....”

“ဘာ...!”

Jimin;“သူတို့ရန်ဖြစ်ခဲ့ကြ...”

သူတို့အတန်းထဲက မင်ဟွာရဲ့ စကားကြောင့် ဂျီမင်းစကားသံတွေပြတ်သွားသည်

“ရားးး Deabak...! ငါတို့အတန်းခေါင်းဆောင်ပြုတ်ကြတာသွေးရိုးသားရိုးမဟုတ်ဘူး ဂျူနီယာတန်းခွဲ B ကကောင်လေးတစ်ယောက်မြင်လိုက်တယ်ပြောတာ တစ်ယောက်ယောက်နဲ့ရန်ဖြစ်ပြီး
တွန်းချခံလိုက်ရတယ်ဆိုလား..?”

“ဘယ်သူနဲ့ရန်ဖြစ်တာလဲ... ငါတို့အတန်းကပဲလား...?”

“ဘယ်သူရှိရမလဲ Jeon Jung...”

ဆော့ဂျင်အဆက်မပြတ်ပြောနေတဲ့ကောင်လေးစကားကို သိလိုစိတ်နဲ့မျက်လုံးလှန်ကြည့်လိုက်တော့ ထိုကောင်လေးကလည်းသူ့ကိုကြည့်နေပြီးစကားတွေရပ်တန့်သွားသည်... သူလည်းထိုကောင်လေးကိုကြည့်တော့ဘဲ မတ်တပ်ရပ်ကာ Toilet ဘက်ထွက်လာခဲ့သည်....

JEALOUS KING 🔥Where stories live. Discover now