အပိုင်း - ၃၁။ !

1.2K 110 4
                                    

" ဒါဆို ဖေဖေသမီးကိုဒဲ့ပဲမေးမယ် .. သမီးချစ်သူက ပန်းခက်ဝါလား "

" ရှင် "

ထိုသို့မေးလာသည့် ဖေဖေကြောင့်ခဏတာ တိတ်ဆနလိုက်သည် ။ ရင်ခုန်တာ မြန်ဆန်လာပြီး ကြောက်နေမိသည် ။

" ဖေဖေ .. အကယ်၍ဟုတ်တယ်ဆိုရင် ဖေဖေဘယ်လိုလုပ်မလဲ "

ဖေဖေကအနားသို့တိုးလာပြီး အကြင်နာ၏ပုခုံးကို ကိုင်ကာ ပြုံးပြလေသည် ။

" ဖေဖေကဘယ်လိုလုပ်ရမှာလဲကွ .. ငါ့သမီးချစ်သူပဲ လက်ခံပေးရမှာပေါ့ "

ဖေဖေပြောသည့်စကားကြောင့် မယုံနိုင်တွေဖြစ်နေသည် ။ မျက်လုံးထဲမျက်ရည်များပြည့်နှက်လာသည် ။

" ဖေဖေ တ .. တကယ်ပြောတာလား "

" ဒါပေါ့ "

နောက်ဆုံး အကြင်နာဖေဖေ့ကိုပြေးဖက်မိပါသည် ။ အပျော်လွန်၍ မျက်ရည်များပင် ကျလာခဲ့သည် ။ ရင်ထဲက အလုံးတစ်ခုကျသွားသလိုဖြစ်ပြီး ဖေဖေလက်ခံတာကြောင့် အနဲငယ်ပေါ့ပါးသွားရသည် ။

***

ဒီရက်ပိုင်း ဖေဖေ့အလုပ်ကိစ္စများတက်နိုင်သလောက်ကူညီသင်ယူနေ၍ အလုပ်မအားကာ တီချယ့်ဆီမသွားဖြစ်ခဲ့ ။ ဒီနေ့တော့ အလုပ်စောစောပြီးသဖြင့် မတွေ့ရတာကြာပြီ ဖြစ်သောတီချယ့်ဆီသွားဖို့လုပ်သည် ။

" ဖေဖေ သမီးပြန်နှင့်ပြီနော် "

အရင်ဆုံး ​ဖေဖေ့ရုံးခန်းအရင်သွား၍ ပြန်ဖို့အကြောင်းပြောရသည် ။ ဖေဖေကခေါင်းငြိမ့်ပြ၍ အကြင်နာ့ကို မှာသည် ။

" ကားကိုလဲ ဂရုစိုက်မောင်းသွားဦး "

ဟုတ်ကဲ့ဟုအကြင်နာပြော၍ ဖေဖေ့ကုမ္ပဏီက ခပ်သွက်သွက်ထွက်လာလိုက်သည် ။ ၁၅မိနစ်လောက်မောင်းလာပြီးနောက် တီချယ့်အိမ်သို့ရောက်ရှိလာသည် ။ ဘဲလ်ကိုတီးလိုက်ပြီးနောက် တီထျယ်ထွက်အလာကို စောင့်နေလိုက်သည် ။

တော်ရုံနှင့်ထွက်မလာတာကြောင့် တီချယ်အိမ်တွင်မရှိဘူးဆိုတာ သဘောပေါက်သွားသည် ။ အိတ်ကပ်ထဲက ဖုန်းကိုထုတ်လိုက်ပြီးနောက် တီချယ့်ကို ဖုန်းခေါ်လိုက်သည် ။ တစ်ဖက်က ဟယ်လိုဆိုသည့်အသံကြားတာနှင့် ..

ချစ်မိသွားချိန်၌Opowieści tętniące życiem. Odkryj je teraz