"ငါ့ဘဝ တစ်လျှောက်လုံး ဒီလောက် ရယ်ရတဲ့ ကိစ္စ မတွေ့ဖူးသေးဘူး. . . ဟို ကောင်သေးသေးကွေးကွေး နဲ့ မင်းကို တက်အုပ်သွားတာပဲ "

နောင်ဘုန်းသိုက် ရယ်သံ ထဲ ပျော်မြူးခြင်း နှင့် လှောင်ခနဲ့ သံ က ထိန်းမရ သိမ်းမရစွာ။

ကိုးနောင် တစ်ယောက် reaction မဲ့ သွားသည်။
9 နှစ် 10နီးပါးကြာကာမှ သား ဖြစ်သူ အိမ်ကို လာ လည်သော ဖအေ တစ်ယောက်သည် အနည်းငယ်မျှဆိုရင်တောင်  အလွမ်းသယ် ရမည့်အစား ဝါးလုံးကွဲ လာရယ်နေသည်။

"ခင်ဗျားက ကျွန်တော့် position ကို သိချင်လို့ ကျွန်တော့်ဆီ တကူးတက လာ လည်တာလား"

နောင်ဘုန်းသိုက်က အရယ်မပျက်သေးဘဲ

"မဟုတ်ဘူး မဟုတ်ဘူး ငါ့ မြေးတွေကို တွေ့ချင်လို့"

"မရှိဘူး ကျောင်းသွားတယ်"

"ဖေကြီးရေ"

ဇာတ်တိုက်ထားတောင် လွဲရင် လွဲနိုင်မည်။ယခုမှ အချိန်ကိုက်ပင် နန်းနွယ်က အသံတဆာဆာ နဲ့ ကိုးနောင် ဆီ လျှောက်လာသည်။

နောင်ဘုန်းသိုက် ကို မြင်သောအခါ ခါးလေးညွှတ်၍ "မင်္ဂလာပါ ဖိုးဖိုး" ဟု နှုတ်ဆက်သည်။

ကိုးနောင် မသိအောင် နောင်ဘုန်းသိုက်သည် ရှိုင်းမိုဟန်က တစ်ဆင့် ကလေးတွေ နဲ့ ရင်းနှီးမှုယူထားသော်လည်း အဆိုပါ လျှို့ဝှက်ကိစ္စကို ကိုးနောင် သိပြီးသား ဖြစ်၏။

နောင်ဘုန်းသိုက်သည် ကိုးနောင်ကို တွေ့ချင်လျှင်တောင်  မာန တင်းခံနေ၍ လာမတွေ့၊ ‌အဝေးကနေ လှမ်းကြည့်တာတို့ ပုံချောင်းရိုက်ခိုင်းတာတို့သာ လုပ်တတ်သည်။(မျက်နှာတွေ့လျှင်လည်း မတည့်ပေမယ့် မတွေ့ရလျှင်လည်း မနေနိုင်)

ကိုးနောင်ကလည်း တကူးတက လာတွေ့ဖို့ရာ မအားလပ်တော့ပေ။အငြိုးတွေနှင့် ယိုးမယ် ဖွဲ့ ၊အမုန်းတရား ခံနေတာက တစ်ကြောင်းပေါ့လေ။သို့သော်လည်း နှစ်ကာလကြာညောင်းတာကတစ်ကြောင်း သူလည်း ဖခင်တစ်ယောက်ဖြစ်လာတာတစ်ကြောင်း ကြောင့် ယခု မျက်နှာမြင်တွေ့လိုက်ရသောအခါ အဖေကို ငယ်တုံးကလို အသည်းစွဲအောင် မနာကျည်းနေတော့တာကတော့ အမှန်ပင်။

'LOTUS KILLER' {Ongoing}Where stories live. Discover now