Power ပွင့်ပြီးမကြာ များစွာသော message တွေက တန်းစီတက်လာသည်... Hoseok,Jimin ပြီးတော့ Jeon Jungkook ဆီကစာတွေ ....

Hoseok နဲ့ Jimin စာတွေက သူ့ကိုသတိရကြောင်းနဲ့ သူဘယ်မှာလဲ အဆင်ပြေလားမေးထားတာတွေ... သူတို့ကို ထားသွားလို့ ဆဲထားတွေရော...စုံနေတာပဲ... Jeon Jungkook စာတွေကိုတော့ သူတစ်ချက်စဉ်းစားပြီးမှ ဝင်ကြည့်မိသည်.... ထင်တဲ့အတိုင်း ခြိမ်းခြောက်စာတွေ သူ့ကိုမြေလှန်ရှာမယ် တွေ့ရင်မလွယ်ဘူး ဘယ်ကောင်နဲ့ ဘာ‌လုပ်‌နေလို့သူ့ကိုအဆက်အသွယ်ဖြတ်ထားတာလဲ အစရှိတဲ့ သူမုန်းတဲ့စာတွေ.. Jeon Jungkook ကအခုထိ သူ့ကိုမယုံသေးဘူးပဲ.... သူ့ကိုလူတကာနဲ့ပတ်ပြီး ပေးစားနေတုန်း... 

ဒူ...!

“နောက်ဆုံးတော့ ခင်ဗျားကျုပ်စာတွေဖတ်ပြီပေါ့... သိပ်မကြာခင် ခင်ဗျားကျုပ်လက်ထဲရောက်လာစေရမယ် Kim Seok Jin...!!”

ရုတ်တရက်ဝင်လာသည့် message ကြောင့် သူ့လက်ထဲက ဖုန်းလွတ်ကျသွားသလို လက်တွေပါတုန်ရင်သွားသည်... သူ့ကိုယ်သူမလုံခြုံတော့သလို...

Deeee!!!

Jeon Jungkook ဆီက အဝင်ကောလ်ကိုသူထပ်မံရလိုက်ပြီး  ပြုတ်ကျသွားတဲ့ ဖုန်းကို‌အမြန်ပြန်ကောက်လိုက်ကာ power ပြန်ပိတ်လိုက်သည်... သူဖုန်းထဲက ပုံတွေလည်းမကြည့်ချင်တော့ဘူး...

Jeon Jungkook ကအခုထိ သူ့အပေါ်မှာခံစားချက်ရှိနေသေးတာလား.... မဟုတ်လောက်ဘူး... Jeon Jungkook က သူ့ကိုချစ်တာမဟုတ်ဘဲ လူတကာနဲ့ပတ်ပြီး သမုတ်နေတာ... တစ်ကယ်ချစ်တယ်ဆိုရင် သူ့ကိုတော့ယုံကြည်သင့်တယ်မဟုတ်လား.... Jeon Jungkook က သူ့ကိုချစ်တာမဟုတ်ဘူး အတ္တကြီးနေတာ...

~~~~

Seokjin ဒီနေ့တစ်နေ့လုံး နေလို့ထိုင်လို့မကောင်း.... စဉ်းစားရလွန်းလို့ ခေါင်းတွေခြောက်နေပြီ... Jeon Jungkook ရယ် မင်းနဲ့ငါနဲ့ဘယ်ရထားမှာများလွဲခဲ့တာလဲ... ငါလည်းမင်းကိုချစ်ခဲ့ရက်နဲ့ မင်းကငါ့ကိုအခုထိတောင်မယုံကြည်ရသေးတာလဲ... ကြောက်စရာကောင်းလိုက်တာ.... တကယ်ဆို လူပုံအလယ်မှ သူကအလိုမတူအနမ်းခံခဲ့ရတယ် ပြီးတော့ သူ့ကို အတင်းနမ်းနေတာကြီးက Line ပေါ်မှာ ပြန့်ပြီးလူတွေပြောစရာဖြစ်သွားတာလေ.... အဲ့လိုလုပ်ရပ်တွေ Jeon Jungkook လုပ်ခဲ့တာတောင် နည်းနည်းလေးမှ အားနာစိတ်မရှိ မတောင်းပန်ပဲ Jeon Jungkook ကသူ့ကိုတစ်ပြန်ကြီးပြောဆိုနေတာသိရတော့ ခံပြင်းမိသည်...

JEALOUS KING 🔥Where stories live. Discover now