One Day-7

141 7 0
                                    

ဒီတစ်ခေါက် သော်သော် တို့ နှင့်အတူ မေမြတ် ဧည့်သည် တစ်ယောက်ပါလာသည်။

သော်သော်အတွက် ထွေထွေထူးထူး စိတ်ရူပ်စရာ တော့ မရှိပါ။

ပါလာသော ဧည့်သည်က ကားရှေ့ခန်းမှာ သော်သော် ဘော်ဒီဂတ် အစ်မ နှင့်အတူ ထိုင်
သည်။

စကားပြောနေသည်။
သူတို့ကပဲ ရင်းနှီးလွယ်တာလား။ သော်သော်ကပဲ လူမူ့ဆက်ဆံရေး ညံ့ဖျင်းလွန်းတာလား။ သော်သော် မပြောတတ်။

သော်သော်က သော်သော်ပါပဲ။ ipodကို နားထဲမှာထည့် ကားမှန်တစ်၀က်ချထားသည်က
၀င်လာသော လေတွေကိုသာ ရူရိူက်နေလိုက်သည်။

အခြားနေရာတွေထက် ပိတ်ချင်းမြောင် ဂူကိုတော့ သော်သော် အထူးစိတ်၀င်စားသည်။

ကျောက်ဆောင် ကျောက်သားဂူထဲမှာ ရေတွေက စီးဆင်းနေသည်။

ကျောက်သားတွေက ရေကြောင့် စိုစွတ်ပြီ လမ်းလျှောက်လျှင် အနည်းငယ်ချောချင်သည်။

အမှောင်ထဲမှာ မီးရောင်မှိန်ပြပြ။ အများစုက ဂူထဲက ဘုရားစေတီများကို စိတ်၀င်တစားကြည့်ကြသည်။ ရှိခိုး ဆုတောင်းနေကြသည်။

သော်သော်က တော့ ရှိခိုး ဆုတောင်းခြင်းကို
စိတ်အားထက်သန်ခြင်းမရှိတာမို့ ရေတွေစီးနေသော စမ်းချောင်းနှင့် ဂူအတွင်းကိုသာ အာရုံစိုက်ကြည့်မိသည်။

တီးတိုးစကားပြောသံများကို ဖျောက်၊ စီးဆင်းနေသောရေစီးသံ၊ ဂူကျောက်သားပေါ်က ရေစက်ကလေးတွေကို မော့ကြည့်မိသည်။

ကြည့်နေရင် တစ်နေရာအရောက် သော်သော်
သတိမထားမိခင် စိုစွတ်နေသော ရေနှင့်အတူ
ခြေထောက်က ဟန်ချက်ပျက်သွားသည်။

"ဟာ...သွားပြီ ..သော်သော် ချော်လဲပြီ။ဒီနေ့မှ
တမင်၀တ်လာသော ဘေးခွဲတုပ်စကပ်အရှည်က ပိုပြီ ‌လဲကျဖို့ အကူညီပေးနေပြီ.."

သော်သော် တွေးနေတုန်း တစ်စုံတစ်ယောက်၏လက်က သော်သော်ပုခုံး နှစ်ဖက်ကို ဟန်ချက်ညီအောင် ဆွဲထိန်းပေးလိုက်သည်။

တော်ပါသေးရဲ့ဟု စိတ်ထဲကနေပဲသော်သော်ပြောမိသည်။

အပြင်ဖက်မှာတော့ သူ့ကိုပင် လှည့်မကြည့်။
ကျေးဇူးတင်စကားလည်း မပြောဖြစ်။

တစ်နေ့မှာ (One Day)Where stories live. Discover now