One Day-3

689 27 0
                                    

One Day (တစ်နေ့မှာ)

တောင်ကုန်းပေါ်ကနေ ရူ့ခင်း လှလှလေးတွေ ငေးရင်  သော်သော် ကိုကို့ အကြောင်းတွေးနေလိုက်သည်။

တွေးရင် အိမ်လေးရဲ့ အနောက် ဘက် ကွင်းပြင်ကျယ်ကြီးထဲမှာ ကလေးလေးတွေက အရွယ်နဲ့မလိုက် ကြောက်ရွံ့မူ့မရှိ ကျွဲကျောင်းနေသည် ကို သော်သော် မြင်လိုက်ရသည်။

မြင်လိုက်ရသည်နှင့် စိတ်၀င်တစား စိုက်ကြည့်မိတော့  ခပ်ထွားထွား ကလေး လေးက သူ့ညီမလေး ဖြစ်ဟန်တူ‌ သော

ကလေး မလေးကို ကျွဲပေါက်လေးပေါ် တင်ပေးနေသည်။

ကလေးမလေးက ကြောက်ရွံ့ဖို့ဆိုတာ ဘာမှန်းမသိ။

သဘောကျပြီး ပြုံးရယ်နေသည်။

သူမ အပြုံး အသက်၀င်ပုံက အဝေးကကြည့်နေသော သော်သော်ပါ လိုက်ပြုံးမိသည်။

ပြုံးမိရင်သော်သော်က အဆိုင်း ဖက်မျက်နှာမူလိုက်ပြီ လက်နှစ်ဖက်ကို ဆန့်တန်းကြည့် စေသည်။

လက်နှစ်ဖက်ကို ဆန့်တန်းကြည့်စေရင်

"ကိုကို.."
"အင်း.."

"ဟို ကဗျာလေး လေး..နေထွက်ရာ အရပ်ကို မျက်နှာ မူပြီး လက်နှစ်ဖက်ကို ဆန့်တန်းခိုင်းတဲ့ ကဗျာလေး‌ လေး ..မှတ်မိလား”

သော်သော်က မေးတော့ အဆိုင်းက  သော်သော် ခါးလေးကို လှည့်လိုက်ပြီ သူမကိုယ် လေးကိုအနောက်ကနေ သိုင်းဖက်သည်။

သိုင်း ဖက်ထားရင် သူမပုခုံးလေးပေါ် သူ့ခေါင်းကို နိမ့် မေးတင်လိုက်သည်။

မေးတင်ထားရင်

“ ကဗျာ တော့ သေချာ မ မှတ်မိတော့ ဘူး၊ နေထွက်တဲ့အရပ်က အရှေ့ရပ် မှန်း တော့သိတယ်”

“ ဟုတ်တယ်.. ကိုကို ပြောမှ သော်သော် သိတော့ တာပဲ .."

သော်သော်က မျက်စောင်းလေးထိုးပြီး ပြောလိုက်တော့ သော်သော်ပါးညာဖက်ခြမ်းကို သူနမ်းသည်။

နမ်းပြီ
"ဟော့ဒါ လက်ယာ .."

ဘယ်ဖက်ခြမ်းကို နမ်းပြီ
"ဟော့ဒါ လက်ဝဲ .."

အနမ်းခံရတဲ့ သူမပါးလေးတွေ ရဲတွတ်သွားရသည်။

ပထမဦးဆုံး အနမ်းခံရသည့် ကောင်မလေး
တစ်ယောက်သဖွယ် ကြည်နူးစွာ သူမ
ပြုံးနေမိသည်။

တစ်နေ့မှာ (One Day)Where stories live. Discover now