-1-

266 18 9
                                    


"Haein.... Haeinလေ Uncle Tae အကူညီတောင်းတာကို လက်ခံပါတယ်"

သူမ တုန်ရီစွာနဲ့ပဲ သူမရဲ့ ဦးလေးဖြစ်သူ Jeon Taebin ရဲ့ တောင်းဆိုမှုကို လက်ခံလိုက်တယ်။

"ဝမ်းသာလိုက်တာ Haein ရယ် Uncle ဒီလိုလုပ်ရတယ်ဆိုတာက သမီးတို့ကောင်းဖို့အတွက်လဲ ပါပါတယ်"

Haein လဲ စီးကျလာတဲ့ မျက်ရည်များကို သုတ်လိုက်ပြီး

"Haein နားလည်ပါတယ် Uncle Tae... ဒါပေမယ့်လေ ဒီကိစ္စတွေကို Wonလေးကို မသိစေချင်ဘူး"

သူမမှာ ဒီမောင်လေးတစ်ယောက်ပဲ ရှိတာ သူမ မောင်လေး စိတ်ညစ်မှာတွေကို သူမ မမြင်ရက်ပါဘူး သူမနည်းသူမဟန်နဲ့ပဲ ဒီကိစ္စတွေကို ဖြေရှင်းမယ်။

အခုဆို Appa ကလဲ car accident ဖြစ်ပြီးကတည်းက coma ဖြစ်နေတာ Wonလေးကတော့
အမေရိကမှာ ကျောင်းတက်နေတာ တစ်နှစ်ပဲကျန်တော့တာ....

သူမ ဒီလောက်ကတော့ ပေးဆပ်ရဲပါတယ် သူမ ချစ်ရတဲ့ Appaရယ် Wonလေးရယ် အတွက်ပဲ သူမ ရင်ဆိုင်ရဲတာပေါ့။

"စိတ်ချပါ Haein ... Uncle ဒီကိစ္စတွေကို Wonwoo မသိစေရဘူးလို့ ကတိပေးပါတယ်"

Haeinလဲ စိတ်ချမယ်ဆိုတဲ့အကြည့်နဲ့ Uncle Tae ကိုကြည့်ကာ ခေါင်းညိမ့်ပြတယ်။

            

             *******

Haein ရဲ့ ဖြစ်ပုံကိုပြောပြရရင်...

Appa က car accident ကြောင့် ကိုမာ ဖြစ်နေတာ ၆လလောက်တော့ရှိပြီ။ အဲ့၆လ အတောအတွင်းမှာ အပြောင်းအလဲတွေ အများကြီးဖြစ်ခဲ့တာပေါ့။

Appa ရဲ့ company ဖြစ်တဲ့ Top Group က ဒေဝါလီခံလိုက်ရပြီး Back Gusion Group ရဲ့ လက်အောက်ကို ရောက်သွားခဲ့တယ်။

တကယ်ဆို သူမ အသုံးမကျခဲ့တာတွေပါ။ Appa ရဲ့ company ကိစ္စတွေကို သူမ ဘာတစ်ခုမှ မသိခဲ့ဘူး ကိုယ်နဲ့ မဆိုင်သလိုနေခဲ့မိတာ...စီးပွားရေး ဆိုတာကိုလဲ သူမ စိတ်မဝင်စားခဲ့ဘူး။ သူမက သူမရဲ့ ဝါသနာအရ မူကြိုကျောင်းတစ်ခုမှာ ဆရာမ ဝင်လုပ်နေခဲ့တာ။

Appa ကတော့ သူ့ company မှာ ဝင်လုပ်ဖို့ပြောခဲ့ပါတယ်။ ဒါပေမယ့် သူမ ငြင်းခဲ့တယ်။ စီးပွားရေးဆန်ပြီး အပြိုင်အဆိုင်များလှတဲ့ နေရာမှာ သူမ အလုပ်မလုပ်ချင်ဘူး။စိတ်လဲမဝင်စားဘူး။ စိတ်ရှုပ်စရာကောင်းတယ်လို့တောင် သူမတွေးခဲ့တာ။

IMPOSSIBLE (Meanie)Donde viven las historias. Descúbrelo ahora