'နောက်ပြီး သူမအချိန်ပိုဆိုင်းတွေဘယ်လောက်တောင် ဆင်းခဲ့ရသလဲ။ အချက်အလက်တွေ ဘယ်လိုတောင် စစ်ဆေးခဲ့ရသလဲ။ ဒီအခမ်းအနားပွဲအတွက် ဘယ်လောက်တောင် အားစိုက်ထုတ်ခဲ့ရသလဲ။'

ဒါတောင် ဒီငတုံးမက သူ့အတွက် နောက်ဆုံးတာဝန်ကို ထမ်းဆောင်သွားပေးဦးမယ်လို့ တွေးနေသေးတယ်။'

ဥက္ကဌ၏ရုံး‌နေရာတွင် ဖုန်းမြည်လာပြီး ချိန်ရှုးနှင့်ထျန်ရင်ရင်တို့က ရှဲ့ကျင်၏ရုံးခန်းဆီသို့ ဆင့်ခေါ်ခံလိုက်ရ၏။

ဘယ်လောက်မျှပင်မကြာလိုက်ဘဲ ရုံးခန်းကထွက်လာသည်နှင့်တပြိုင်နက် သူမဆီက အခမ်းအနားပွဲအတွက် အချက်အလက်နဲ့ စာရွက်စာတမ်းတွေ တောင်းတော့သည်။

စူးထောင်သည် မျက်လုံးတွေကို မှိတ်လိုက်ပြီး တတ်နိုင်သမျှ တည်ငြိမ်အောင်လုပ်ကာ ခပ်တိုးတိုးလေးပြောလိုက်၏ "ငါ့စားပွဲကို မထိနဲ့။"

ထို့နောက် ရှဲ့ကျင်၏ အနက်ရောင်ခွက်နှင့်အတူ သူ့ရုံးခန်းထဲသို့ ခပ်မြန်မြန်ဝင်သွားတော့သည်။

'ချိန်ရှုးနှင့် ထျန်ရင်ရင်တို့က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ စူးထောင်ရဲ့ခဏတုန်းက ပုံစံ ကြောက်စရာကောင်းသည်ဟု ခံစားလိုက်ရ၏။'

“ဘန်း” ဟူသောအသံနှင့်အတူ ခွက်ကို စားပွဲခုံပေါ်စောင့်ချလိုက်သဖြင့် ရေအနည်းငယ် ဖိတ်စင်သွား‌တော့သည်။

"ဘာလို့  ဒီအခမ်းအနားပွဲအတွက် ကျွန်မကို တာဝန်ခံခွင့် မပေးတာလဲ။ ကျွန်မ ပင်ပင်ပန်းပန်းကြိုးစားထားတဲ့အစီအစဉ်ကို ရှင်ကတခြားသူတွေကို လွဲပေးလိုက်တယ်တဲ့လား။"

စူးထောင်၏ မျက်နှာအမူအရာသည် တည်ငြိမ်နေသော်လည်း အဘွားအိုတစ်ယောက်လိုမျိုး မကျေနပ်မှုကို ထုတ်ပြလိုက်တဲ့ပုံစံက ရှဲ့ကျင်ကို အံ့အားသင့်သွားစေ၏။

နက်မှောင်သော မျက်လုံးများက တဒင်္ဂတာအံ့အားသင့်သွားသလိုဖြစ်သွားပြီး သူမနှင့် ယခုမှပထမဆုံးအကြိမ်တွေ့နေရသလို ခံစားလိုက်ရသည်။

သူမလက်တွေက စားပွဲပေါ်ရိုက်ပုတ်နေစဉ် ရှဲ့ကျင်၏ မျက်လုံးတွေ ဗလာဖြစ်နေသော သူမလက်ကောက်ဝတ်ပေါ်သို့ အကြည့်ရောက်သွား၏။ သူက မျက်မှောင်ကြုတ်ကာ ချောင်းဟမ့်လိုက်ရင်း အက်ကွဲကွဲလေသံနှင့် မေးလာသည်။ “မင်းရဲ့ လက်ကောက်‌ရော”

အစားထိုးခံ အမျိုးသမီး အတွင်းရေးမှူး (ဘာသာပြန်) Where stories live. Discover now