155:မင်းနဲ့အတူတစ်သက်လုံးထာဝရ

Comenzar desde el principio
                                    

"ခဏနေမှကစားရအောင် အရင်သွားစားကြမယ်"

ညစာစားချိန်ရောက်နေပြီပင်။ ဟဲကျင့်ကလွမ်းဆွတ်မနေတော့ပဲ ချင်ယွီအားမေးလိုက်လေသည်။

"ဘာစားကြမလဲ?"

"မင်းနဲ့ အတူချက်ဖို့စိတ်ကူးထားပေမယ့် မင်းပင်ပန်းနေမှာစိုးလို့ လာသွားကြရအောင် စားကောင်းတာဝယ်ကျွေးမယ်"

ချင်ယွီက နေကာမျက်မှန်၊ဉီးထုပ်၊မာဖလာတို့ကိုပြန်ပြီးဝတ်ဆင်လိုက်သည်။အရာအားလုံးပြင်ဆင်ပြီးနောက်မှာတော့ သူဟဲကျင့်နဲ့အတူထွက်လာခဲ့တော့သည်။

ဒါပေမယ့်လည်း နှစ်ယောက်သား အောက်ထပ်ဆင်းပြီး မကြာမီမှာပင် အဝေးမှ မိန်းကလေး သုံးယောက် ထွက်လာသည်ကို တွေ့လိုက်ရသည်။ သူတို့သည်ချင်ယွီရဲ့ကားကိုစပ်စုနေကြလေသည်။

"ကြည့်စမ်း! Porsche ပဲ!"

"ဘုရားရေ ဒီလိုရပ်ကွက်မျိုးမှာ ဒီလိုကားမျိုးကို ဘယ်လိုလူကစီးနိုင်ရတာလဲ?"

"ချမ်းသာတဲ့သူပဲဖြစ်ရမယ်!"

မိန်းကလေးတွေကဘေးပတ်ဝန်းကျင်ကိုလိုက်ကြည့်နေသဖြင့် ချင်ယွီမှာကြောက်လန့်ကာ ဟဲကျင့်ကိုချက်ချင်းပဲပြန်တွန်းထည့်လိုက်ကာစိုးရိမ်ထိတ်လန့်စွာဖြင့်မေးလာခဲ့သည်။

"သူတို့ကဘာလိုချင်နေကြတာလဲ?"

"ငါကဘယ်လိုလုပ်သိမှာလဲ!?သူတို့ကမင်းရဲ့ fanတွေနေမှာပေါ့"

ဟဲကျင့်ရဲ့အသံက သဝန်တိုသံပေါက်နေခဲ့သည်။

Qမြို့မှာတုန်းကတော့ ချင်ယွီကဟဲကျင့်နဲ့ စူပါမားကတ်ထဲမှာတောင်လျှောက်သွားနိုင်လေသည်။ဘာလို့ဆိုအဲ့မှာက သူဘယ်သူလဲဆိုတာကိုမသိတဲ့ လူကြီးတွေကများတယ်လေ။ဘယ်လိုပဲဖြစ်ဖြစ်အခုက ဟွားတက္ကသိုလ်နားမှာဆိုတော့ သူ့ကိုတွေ့သွားပြီး ကောင်မလေးတွေ ဝန်းရံခံလိုက်ရတာနဲ့တော့ အဆုံးသတ်မခံနိုင်ပါဘူး

ဟဲကျင့်က ချင်ယွီနာမည်ကြီးလာသည့်အကြောင်းကိုပြန်တွေးမိလိုက်သည်။သူကအနုပညာရှင်ဖြစ်နေတော့ သူတို့တွေညစာလည်းအတူထပ်စားလို့ရမှာမဟုတ်တော့ဘူး...

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Donde viven las historias. Descúbrelo ahora