Part_15 " Falling in love with Some1 "

Start from the beginning
                                    

“ ahh .. ငါ့မျက်စိရှေ့ လာမRoနဲ့ ”

“ သွားမယ်လေ နင့်ကို လိုက်ပို့မို့ စောင့်နေတာ
အပြန်ကျ ပြန်ခါနီး ကြိုဖုန်းဆက်လိုက် လာ
ကြိုမယ် ”

“ ရပါတယ် အပြန် ငါ grab နဲ့ ပြန်လာခဲ့မယ် ”

“ ဘာလဲ အားနာလို့လား ”

“ မဟုတ်ပါဘူး ”

“ အဲ့တာဆို ဖုန်းဆက်လိုက် ”

တနေ့က ဆုမြတ်အိမ်က သွားရလာရ လွယ်ကူအောင်ဆိုပြီး ဆုမြတ်စီးဖို့ ကားပို့ပေးထားသည် ..

ဆုမြတ်တို့ ခက်မွန်ကို Pearl Condo သို့
လိုက်ပို့သည်

“ ငါ့ကို အနောက်ဘက် ChaThai နားမှာ
ရပ်ပေး‌နော် အအေးဝယ်မို့ နင်တို့ရော ဘာ
သောက်မလဲ ”

“ တော်ပါပြီ မသောက်ချင်ဘူး ငါ ပီကေဝါး
နေလို့ ”

“ ပိုး ရော ”

“ မသောက်တော့ဘူး ခက် ”

ဆုမြတ် ChaTai နား ကားရပ်လိုက်သည် ..

“ ဟိုဘက်မှာ ကားလာနေတယ် သေချာ
ကြည့်ဆင်း ”

“ ဟုတ်ကဲ့ .. တာ့တာ ပြန်လာမှ တွေ့မယ်နော် ”

“ အွန်း .. ကောင်းကောင်း ပျော်ခဲ့ပါရှင် ”

ခက်မွန် ChaiThai မှာ Strawberry Smoothie ဝင်ဝယ်ပြီး Lotteria စီသို့ ..

အပေါ်ထပ်ရောက်တော့  အနောက်ဘက်
တခါးဝနားက ခုံမှာသူမ ချစ်သူလေးကို
တွေ့လိုက်ရသည် ..

ခက် .. ခွန်း ဘေးနားဝင်ထိုင်ရင်း ..

“ စောင့်ရတာ ကြာသွားလား ”

“ မကြာပါဘူး Ma ရဲ့ .. burger ဝယ်
ထားတယ် စားလိုက်ဦး ”

“ ခွန်းနွေရော ဘာစားပြီးပြီလဲ ”

“ မားနဲ့ နေ့လည်စာ စားခဲ့တယ် ”

“ အွန်း .. Cappuccino လား ”

“ အွန်း .. ”

“ နည်းနည်းတိုက် .. ”

“ Coffee ကြိုက်တာလည်း မဟုတ်ဘဲနဲ့ ”

“ ခွန်းနွေ ကြိုက်လို့ သောက်ကြည့်ချင်လို့လေ
ခွန်းနွေက အမြဲစွဲ‌သောက်ရလောက်တဲ့အထိ
ဘယ်လို အရသာမျိုးလဲ ခံစားကြည့်ချင်လို့ ”

Falling In Love with SomeoneWhere stories live. Discover now