Part-5"Falling In Love with.."

2.5K 146 15
                                    

Part - 5 “Falling In Love with Some1”

ဒီနေ့ Sunday Off ရက်မို့ ခက်မွန်တို့
၃ယောက်သား မနက်ကို နောက်ကျတဲ့ထိ
အိပ်ကြသည်။

၁၀နာရီ ကျော်တော့ ပိုးအိ တစ်ယောက်တော့
ဗိုက်ဆာလာ၍ အိပ်ယာမှ အလူးလဲကောက်
ထကာ ရေချိုးခန်း အပြင်ဘက်ထောင့် က
basin ၌ မျက်နှာသစ်လိုက်သည်။
သူမ မျက်နှာသစ်နေတုန်း ဆုမြတ်လည်း
နိူးလာပြီး ရေချိုးခန်း ဝင်သွားသည်။

ပိုးအိ ခက်မွန်အခန်းသို့ဝင်ပြီး ခက်မွန်ကို
နှိုးလိုက်သည်။

ပိုးအိ -- ခက်ရေ .. ခက်မွန် ..

ခက် -- အွန် ..

ပိုးအိကို ခက် မျက်လုံးလေးဖွင့်ကြည့်ပြီး
ထူးလိုက်သည်။ ပြီးတော့ သူမရဲ့မျက်လုံး‌
များကို ပြန်မှိတ်၍ ဆက်မှေးနေသည်။

ပိုးအိ -- ထတော့ ၁၀နာရီကျော်ပြီ မနက်စာ
စားဖို့ နောက်ကျနေပြီ

ခက် -- အွန်း .. ဆုမြတ်ရော

ခက်မွန် မျက်လုံးလေးမဖွင့်ဘဲ ပိုးကိုမေးသည်။

ပိုး -- ထနေပြီ ရေချိုးခန်း ဝင်သွားတယ်

ခက် -- အွန်း အာ့ဆို ငါလည်း ထပြီ ..

ပိုး -- ထ မျက်နှာသစ် အဝတ်စားလဲ ဟိုဘက်
တစ်လမ်းက ရှမ်းခေါက်ဆွဲ သွားစားကြမယ်

ခက် -- Omm .. 5 min ပဲ စောင့်

ပိုး -- ငါနဲ့ဆုမြတ် ဧည့်ခန်းမှာ စောင့်နေမယ်

ခက် -- Ok.

ခက် အိပ်ယာထက်မှ ထကာ ရေချိုးခန်းဆီသို့..

ဆုမြတ်နဲ့ ပိုးလည်း အင်္ကျီလဲပြီးတော့ ဧည့်ခန်း၌
ခက်မွန်ကို ထိုင်စောင့်နေသည်။

ခက်မွန် ဗီရိုထဲကဂျင်းဂါဝန် အပါးအရှည်လေးကို
မြန်မြန် ကောက်ဝတ်ပြီး အပေါ်က မီးခိုးနဲ့အဖြူ
စပ်ထားတဲ့ student coat အပါးလေး ထပ်လိုက်သည်။ မျက်နှာကို Toner နဲ့ serum လူးပြီး
အခန်းထဲမှ ထွက်လာခဲ့သည်။

ခက် -- Let's go ..

ဆုမြတ် -- နင်တို့၂ယောက် အရင်ထွက် ၊
ငါ တံခါးတွေ ပိတ်လိုက်မယ်

ခက်တို့ ၃ယောက် သူမတို့နေတဲ့ တိုက်ခန်းရဲ့
နောက်တလမ်းတွင် ရှိတဲ့ ရှမ်းခေါက်ဆွဲဆိုင်သို့ ‌
ခြေလျင်လျှောက်ကာ မနက်စာ စားကြသည်။

Falling In Love with SomeoneKde žijí příběhy. Začni objevovat