Part-11"Falling in love with Someone"

4K 171 56
                                    

Part-11 “Falling In Love with Someone!”

ဆုမြတ်နဲ့ နဒီလည်း ခက်မွန်ကြည့်တဲ့ ဇာတ်ကားကို
အတူ လိုက်ကြည့်လိုက်သည်။
ဇာတ်ကားပြီးတော့မှ အိပ်ယာဝင်ခဲ့ကြသည်။

ခွန်းဆက်နွေ တယောက်လည်း ထိုညက Gp
Chat မှာ စာလုပ်ပြီး သူမ မမရဲ့ အမိန့်တိုင်း
အိပ်ယာစောစောဝင်ခဲ့သည်။

ထိုညက ခွန်းနွေရဲ့ အိပ်မက်တို့ ချိုမြိန်လျှက် ..

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

မနက်ကျ ခက်မွန်တို့ ဖွင့်ပွဲမစခင် ကြိုတင်၍
Menu တွေ တပွဲပြီးတပွဲ ပြင်ဆင်ကြသည်။
Chef ဝန်ထမ်းအသစ်တွေကလည်း ခက်မွန်တို့
ထင်ထားတာထက်ပင် ပို၍ တော်ကြသည်။

ဝေနှင်း --》“ မမ အဲ့တာကို ညီမဆက်ပြီး
လက်စသတ်လိုက်မယ် မမက တခြား Menu
ပြင်မယ်ဆို ပြင်လိုက်လေ ”

ခက် --》“ Omm , အဲ့လိုလုပ်မလား ?
အဲ့တာဆို အစ်မ ကြက်‌သားကင်ထဲကို အစာ
သွပ်ဖို့အတွက် လုပ်လိုက်မယ် .. ညီမက
ဒီဟာလေး ဆက်လုပ်လိုက်နော်၊ ဝက်သားအိပြီး
အနီရောင်သန်းလာရင် ပဲပိစပ်အနှစ်ထည့်ပြီး
ပဲပြားထည့်လိုက်တော့ ”

ဝေနှင်း --》“ ဟုတ် မမ ”

ခက်မွန် ကြက်ကင်ထဲ အစာသွပ်ဖို့ ကောက်ညှင်းနဲ့
စပါးလင်ရယ် အရွက်တွေနုတ်နုတ်ဆင်းထားတဲ့
အနှစ်ရယ်ကို နယ်နေသည်။ ဆုမြတ်က ငါးကို
အသားလွှာ နေရင်းမှ ..

“ ခက် ”

“ ရှမ့် ”

“ အမလေး နင့်ကလေးကို ထူးသလို လာပြီး
ထူးမနေစမ်းနဲ့ ငါတို့ခေါ်ရင် ထူးနေကျအတိုင်း
ထူးစမ်းပါ ”

“ ပြော .. ဘာလဲ? ”

“ နင် Sushi ပြင်ဦးမှာလား .. ပြင်မယ်ဆို
ငါ ဒီမှာ ငါးအသားလွှာနေတာမို့ နင့်ဖို့ချန်ထား
ပေးမို့ ”

“ အွန်း ပြင်မှာလေ .. ငါ့ကို ချန်ထားပေး ”

“ Ok! ”

“ Thz you ”

ခက်မွန်က ဆုမြတ်အား မျက်စိတဖက်မှိတ်ကာ
ပြုံး၍ပြောတော့ ..

“ ချစ်စရာကောင်းအောင် လာလုပ်ပြမနေနဲ့
ငါက ပိုးကိုပဲကြွေတာရယ် နင့်ကိုတော့ နင့်ရဲ့
ကလေးကပဲ ကြွေတာ ”

Falling In Love with SomeoneWhere stories live. Discover now