𝑩𝒆𝒚𝒐𝒏𝒅 𝑯𝒂𝒕𝒓𝒆𝒅:③

Start from the beginning
                                    

❝ ရေသန့်နဲ့ဖျော်ထားတာလား ❞

❝ ဟုတ်ကဲ့ အစ်ကိုလေး ❞

❝ ချထားခဲ့ ❞

တအောင့်နေတော့ ကိုယ်တို့နှင့် မျက်နှာချင်းဆိုင်ရှိ စားပွဲပေါ်တွင် အကျအနထိုင်လျက် စာကြည့်နေသည်လား သို့မဟုတ်လျှင် ကိုယ်တို့မောင်နှမကိုပဲ စောင့်ကြည့်နေသည်လား ခွဲခြား၍ မရစွာ မှုန်တေတေကြည့်နေသော ထိုမာနခဲဆီ အိမ်အကူ၀န်ထမ်းတစ်ယောက်က အအေးနှင့်မုန့်များလာချပေးသည်။အိစက်မွှေးပျံ့လျက် ခရင်မ်များ အလွှာတိုင်းတွင် အပြည့်အသိပ်ပါသော Crepe Cakeကို မကော်ချင့်ကော်ချင် တစ်ဇွန်းယူစားပြီး မျက်မှောင်ကြီးကြုတ်သွား၏။ပန်းကန်ကို ဘေးသို့ တွန်းဖယ်ပစ်ပြီး juiceကိုတစ်ငုံမော့သည်။

❝ တောက်ခ်!ရေသန့်နဲ့မဟုတ်ရင် လာမချပါနဲ့ဆို!ခုနက ဖျော်ရည်လာချတဲ့တစ်ယောက် ဒီအနားလာခဲ့စမ်း! ❞

ခပ်ကျယ်ကျယ်တောက်ခတ်သံနှင့်အပြိုင်
ကီဝီjuiceထည့်ထားသော ဖန်ခွက်မှာ ကြွေပြားပေါ်သို့ ခပ်ကြမ်းကြမ်းလွင့်စင်ကျလျက် ဘ၀ပျက်ရရှာ၏။

❝ရေသန့်ပါ အစ်ကိုလေးရဲ့။ကျွန်မအမှန်အတိုင်း ပြောတာပါ။တကယ်ဘုရားကြီးစူး မိုးကြိုးပစ်ပါ အစ်ကိုလေးရယ်။ရေသန့်ပါ ❞

ခပ်လှမ်းလှမ်းတွင် ငြိမ်ငြိမ်လေး ရပ်စောင့်နေဟန်ရသော အိမ်အကူအစ်မကြီးခမျာ ပြာပြာသလဲဖြင့် ထိုမာနခဲကောင်အနား အပြေးကလေး ရောက်သွားရရှာသည်။

❝ ရေသန့် ဟက် ခင်ဗျား မျက်စိကန်းနေတာလား၊ဒါမှမဟုတ် ခင်ဗျားပထွေးဆီစိတ်ရောက်နေလို့ ပရမ်းပတာစကားတွေ ထွက်လာတာလား။ကြည့် အဲဒီမှာသေချာကြည့် မြင်လား အမှုန်သေးသေးကလေးပါလာတာ။ခင်ဗျားမျက်လုံးကြီးနဲ့ အဲအရည်တွေကို မြင်အောင်ကုန်းကပ်ကြည့် ❞

❝ တကယ်ရေသန့်နဲ့ကိုမှ ရေသန့်စက်ထဲ နှစ်ထပ်စစ်ပြီး ဖျော်ထားတာပါ အစ်ကိုလေးရယ်။အခါခါ ကျိန်ပြောဆို ကျိန်ပြောရဲပါတယ်။နောက်ပြီး ခွက်ကလည်း သေချာပေါင်းခံ သန့်စင်ပြီးမှ ဖျော်ထားတာပါ။အစ်ကိုလေးခွက်ထဲ ကပ်ပါလာတဲ့အမှုန်က လေထုထဲက တစ်ဆင့် ရောက်လာတာလည်း ဖြစ်နိုင်....❞

❛𝐁𝐞𝐲𝐨𝐧𝐝 𝐇𝐚𝐭𝐫𝐞𝐝❜ 🅞🅝🅖🅞🅘🅝🅖Where stories live. Discover now