မိတ်ဆက်

527 63 55
                                    

"ဘယ်သွားနေသလဲ။တစ်မနက်ခင်းလုံး မင်းဆီ ဒယ်ဒီ ဖုန်းခေါ်တယ်။ဆယ်ကြိမ်မှာ ဆယ်ကြိမ်စလုံး မကိုင်ဘူး။"

"ဟို အဲဒါကလေ သားတို့ ကျောင်းမှာ အားကစားအသင်း..."

"ပတ်ဂျွန်ယောင်း!ဒီဒယ်ဒီ့ကို မင်းက လိမ်လို့ညာလို့ရမဲ့ သူငယ်နှပ်စားကလေး မှတ်သလား"

"မ...မမှတ်ပါဘူး ဒယ်ဒီ"

"ပြော အမှန်အတိုင်း တစ်စမကျန် အကုန်သိချင်တယ်။ဘယ်သွားနေသလဲ။ ဟုတ်တိုင်းမှန်ရာ တစ်လုံးမချန် မချွင်းမချန်ပြော"

"ပါပါး...ပါပါးဆီပါ ဒယ်ဒီ"

"ပါပါး?ပါပါးဆီသွားရအောင် သူ့မှာ မင်းနဲ့ ပတ်သက်ပိုင်ခွင့်၊သူ့အိမ်ကို ခေါ်ပိုင်ခွင့် ဘယ်နှပြားသားရှိသလဲ။"

ဝီစကီကို တစ်ကျိုက်တည်း ကောက်မော့၍ စမတ်ကျကျ ဒူးချိတ်ထိုင်နေရာက ဒယ်ဒီ ထလာသည်။အမြဲတစေ စူးတောက်နေတတ်သော မျက်၀န်းကျဥ်းများက ပါပါး၏ အမည်သညာကို ကြားသည်နှင့် အဆမတန် ရင့်မှောင်လာ၏။တည်တင်း စေ့ပိတ်ထားတတ်သော နှုတ်ခမ်းအလွှာက မချိုမချဥ် မဲ့ပြုံးတစ်ခုဆောင်ကျဥ်းသည်။ဒယ်ဒီသည် ဤသည်သို့သော အချိန်ကာလ အပိုင်းအခြားမျိုးတွင် နတ်မိစ္ဆာတစ်ကောင် ၀င်ရောက်စီးပူးထားသကဲ့သို့ ကြောက်စရာကောင်းလာတတ်၏။

"ခွမ်း!!"

အိပ်ခန်း၏ အ၀င်၀တွင် အလှစိုက်ထားသော ပန်းအိုးကြီးမှာ ဒယ်ဒီ့လက်ထဲ ကိုင်ထားသော ဂေါက်တံ၏ လွှဲအားနောက် အစိတ်စိတ်အမြွှာမြွှာကြေသည်။လွန်ခဲ့သောတစ်လခန့်က တရုတ်ပြည်မကြီးဆီက ကုန်သည်ကြီးများ လေလံပွဲကိစ္စအတွက် ဒယ်ဒီကူညီပေးခဲ့သည်ကို ကျေးဇူးတင်လွန်းလှသည်ဟုအကြောင်းဆိုကာ လက်ဆောင်ပေးထားခဲ့သည့် ကြွေပန်းအိုးကြီး။အမြဲလိုလို တသသလုပ်နေတတ်သဖြင့် ဒယ်ဒီ့အမြတ်နိုးဆုံး ပစ္စည်းထဲက တစ်ခုအဖြစ် အိမ်တော်ထိန်းကြီးက အိမ်သန့်ရှင်းရေးလုပ်သည့်အခါတိုင်း လက်အောက်ငယ်သားများအား မှာလေ့ရှိသည်ကို ဂျွန်ယောင်း ကောင်းကောင်းသိသည်။အဘယ်အတိုင်းအတာထိ ဒယ်ဒီ့ဒေါသ အခြေစိုက်လေသနည်း။တည်ငြိမ်လေးနက်သောမျက်နှာတွင် ဒေါသရောင် ထလျှင်တောင် အတတ်နိုင်ဆုံး ထိန်းသိမ်းအုပ်စီးတတ်သော ဒယ်ဒီတစ်ယောက် ပါပါးဟူသော အမည်သညာကို ကြားသည့်အခါတွင်တော့ ဤသို့ ရုပ်ပျက်ဆင်းပျက် အခြေအနေသို့ ကူးပြောင်းတတ်သည်။

❛𝐁𝐞𝐲𝐨𝐧𝐝 𝐇𝐚𝐭𝐫𝐞𝐝❜ 🅞🅝🅖🅞🅘🅝🅖Where stories live. Discover now