Three

525 95 51
                                    

Zawgyi

မြေသားနုနုသည် အစိုဓာတ်ကြောင့်သိပ်သိပ်ကလေးဖြစ်နေသည်။အလျားရှည်နှစ်ထပ်တိုက်ကလေးနဲ့ တစ်ထပ်တိုက်ကလေးက တစ်ဖက်တစ်ချက်ဆီတွင် မျက်နှာချင်းဆိုင်ရှိနေပြီး ကြားတွင် မြေပြန့်ပြန့်သာရှိသည်။ဘေးတစ်ဖက်တွင် ကလေးကစားကွင်းက အတော်အသင့်ကျယ်စွာ ရှိနေပြီး ပတ်ပတ်လည်တွင် စိမ်းစိုစို ပင်အိုကြီးတို့ဖြင့် ဝန်းရံထားသည်။ထိုနေရာသည် အခြားမဟုတ်။INNO GROUP ရဲ့လက်အောက်တွင်ရှိသည့် foundationထဲက တစ်ခုသာ။

နှစ်ထပ်ဆောင်ရဲ့ ရှေ့တွင် ၇၀ထက်မနည်းသည့် ကလေးငယ်လေးတို့က အစီစဉ်တကျ အတန်းလိုက်လေးစီကာ ရှိနေသည်။အင်္ကျီဆင်တူ ဘောင်းဘီဆင်တူသည့်အပြင် အုန်းမက်ခွက်ပုံစံ ဆံပင်လေးတွေကအစ တူကျသည်။ထိုကလေးတွေရဲ့ထိပ်တွင် အသက်၅၀အရွယ် ဂေဟာမှူးက ပြုံးရွှင်စွာ ရပ်နေပြီး ဘေးတွင်တော့ တည်တင်းနေသောမျက်နှာနဲ့အတူ အနက်ရောင် suitအပြည့်ဝတ်ထားသည့် INNO GROUP ရဲ့ ဥက္ကဌကြီးသာ။

"အခုလို ဥက္ကဌကြီးကိုယ်တိုင် လာရောက်ပေးတဲ့အတွက် ကျွန်တော်တို့ အရမ်းကို ဝမ်းမြောက်မိပါတယ်~"

"အင်း ~"

ထယ်ယောင်းက စိတ်မရှည်စွာ တစ်ခွန်းမျှသာဖြေသည်။နေပူပူထဲ ကြာကြာမရပ်ချင်လို့ မနက်ပိုင်းသာ လာခဲ့သော်လည်း ကလေးတွေများလွန်းလို့ စိတ်ရှုပ်ရတာပဲဖြစ်သည်။အခုလည်း ဇာတ်တိုက်ထားသည့်အတိုင်း မလုပ်ချင်တာလုပ်ရအုံးမည်။

"ကလေးတွေကို ကိုယ်တိုင်ပေးမယ် ! ရတယ် ဟုတ် !"

"ဟာ ရတာပေါ့ဗျာ ~ ဥက္ကဌကြီးကိုယ်တိုင်ပေးတော့ ပိုကောင်းတာပေါ့ ~"

မေးကတည်းက ခွင့်တောင်းခြင်းမဟုတ်ဘဲ အသိပေးခြင်းသဘောသာ။သို့သော် ဘယ်လိုပဲနေနေ ဂေဟာမှူးကတော့ သဘောကျစွာ လက်ခံရတာပါပဲ။

ထယ်ယောင်းက သူ့ဘေးတွင်အဆင်သင့်ရှိနေသည့် စာရေးကိရိယာများအား ကလေးတွေအား တစ်ယောက်ချင်းစီ ဝေပေးနေလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဦးဦး~"

"ကျေးဇူးတင်ပါတယ်ဗျ~"

"ဦးက ချောလိုက်တာ ~"

ထယ်ယောင်းမျက်နှာဟာ မျက်ခုံးတန်းတို့ တွန့်ကျုံ့ရာမှ ကလေးငယ်တစ်ယောက်ကြောင့် ပြေလျော့သွားသည်။ဒီကောင် ဘာလား!

ENIGMA' sWhere stories live. Discover now