" ဒါပေမယ့် အစစအရာရာ အဆင်တော့ပြေတယ်မလား"

" ပြေပါတယ်... "

" အထီးကျန်မှာပဲနော် "

" အင်း ...တော်တော်လေးကိုပဲ... "

ဒီတစ်ခါမှာလည်း အကို ရုပ်တည်နေပေမယ့်
ပထမတစ်ခေါက် သူ့ကို စနေတုန်းကလို မဟုတ်ဘဲ
အငွေ့အသက်က တမူကွဲထွက်နေသည်။

ချစ်သော သူ့ဘဝမှာ ငယ်စဥ်က မပြည့်စုံတာကို အားမရ သိမ်ငယ်တာမျိုး မဖြစ်ခဲ့ဖူးသလို၊ မွေးတဲ့နေ့မှာဘဲ စိတ်မနှံ့တဲ့ အဖွားက သေဆုံးသွားခဲ့ရတာနဲ့ ပတ်သတ်ပြီးလည်း ပတ်ဝန်းကျင်က ပြောသလိုမျိုး တစ်ခါမှ ကိုယ့်ကိုယ်ကို
အပြစ်တင်စိတ်၊ အပြစ်ရှိစိတ်လည်း မခံစားခဲ့ဖူးဘူး။
အဲ့လိုစိတ်မျိုးရှိအောင်လည်း ကြီးကြီးနဲ့ အမေက ပျိုးထောင်ပေးခဲ့တာ။ လူတစ်ဖက်သားအပေါ် စာနာကူညီတတ်ပြီး
လူတစ်ဖက်သားရဲ့ စိတ်ကိုဖြစ်စေ ရုပ်ကိုဖြစ်စေ ထိခိုက်အောင် မလုပ်ဖို့က လူအဖြစ် ရှင်သန်ခြင်းရဲ့ အဓိကလို့ သူထင်တယ်။ လူတွေ ရယ်မောအောင် လုပ်ရတာကိုလည်း ကြိုက်တာကြောင့် သူက သူများတွေအမြင်မှာ အမြဲ ပျာယာခတ်ပြီး အရာရာကို ရွှတ်နောက်နောက်နဲ့ ပေါ့ပေါ့တန်တန်နေတဲ့သူလို့ အထင်ခံရတတ်တယ်။ ကျောင်းသားဘဝကနေ အလုပ်ခွင်ထဲ ရောက်တဲ့အထိတိုင်အောင် သူအဲ့လို ထင်ခံနေရတုန်းပဲ။ ဒါပေမယ့်လည်း သူအဲ့အကျင့်ကို အကျင့်ဆိုးတစ်ခုလို့တော့ မထင်မိဘူး။
လူတစ်ယောက်ကို ပျော်အောင်လုပ်ပေးနိုင်တယ်ဆိုတာ ဂုဏ်ယူစရာပဲမလား။

" သူငယ်ချင်းလုပ်မလား ကျွန်တော်နဲ့ "

"......"

" မဟုတ်ဘူးဗျာ သူငယ်ချင်းလုပ်ပေး ကျွန်ဝောာ်နဲ့
သူငယ်ချင်းလို ညီအစ်ကိုလိုပေါ့"

ကျွန်တော်က အကို့ကို အထီးမကျန်အောင် လုပ်ပေးမယ်။

" အကိုက ကျွန်တော့်ကို ညီလေးမဟုတ်ဘူးလို့ ပြောဖူးတယ်မလား "

ချစ်သောဆက်ပြောမည့်စကားကို ဒိုးစောင့်နေသည်။

" အဲ့တာကြောင့် သူငယ်ချင်းလုပ်ကြမယ်
ကျွန်တော့်ကို သူငယ်ချင်းလို့ သဘောထား
ကျွန်တော်နဲ့အတူ ဘောပွဲကြည့်၊ကျွန်တော်နဲ့အတူ မုန့်သွားစား
ကျွန်တော်နဲ့အတူ ကောင်မလေးရှာ ၊
ကျွန်တော်နဲ့အတူ အပြင်ထွက်ပြီး ရင်ဖွင့်စရာရှိ ကျွန်တော့်ကိုဖွင့် "

Dear's doorDonde viven las historias. Descúbrelo ahora