၁၀

969 68 3
                                    

Unicode

" အေနဲ့ဘီလို့ဘဲ ခေါ်မယ်ကွာ
အေနဲ့ဘီက ညီအစ်ကိုတွေဆိုပေမယ့်
တစ်ဖက်စီက ပါလာတဲ့ သားတွေ၊
အေက ဘီက သူ့ကို မိသားစုလို သဘောထားတယ်လို့ဘဲ ထင်တာကွာ၊ ဒါပေမယ့် ဘီက အေကို သူ့ညီမှ မဟုတ်တာလို့ ပြောလာတယ် အဲ့တာ ဘာဖြစ်လို့လဲ "

" နေဦး နေဦး အေက မင်းသူငယ်ချင်း၊
အေနဲ့ဘီက ညီအကိုအရင်းမဟုတ်ဘူး
အေက ညီ၊ ဘီက အကို
အကိုက ညီကို မင်းက ငါ့ညီမဟုတ်ဘူးလို့ ပြောတယ်
အဲ့လိုလား "

" ဟုတ်တယ် အဲ့လို အဲ့လို "

" သူပြောတာ မှန်တယ်လေ
အေက ဘီရဲ့ ညီမှ မဟုတ်တာ "

" ဒါပေမယ့် ဘာလို့ အဲ့လို ပြောတာလဲ သိချင်တာ
သူတို့ နှစ်ယောက်က မသင့်မြတ်တာလည်း မရှိဘူးလေ၊ ရုတ်တရက်ကြီး  ဘာလို့ သူက အဲ့လိုပြောရတာလဲ "

" ‌ဒီမယ် ကိုမှူးသက်ဦးညံ
သူငယ်ချင်းအကြောင်းကို ဘာလို့ အဲ့လောက် စိတ်ဝင်စားနေရတာလဲ "

" ရင်းနှီးတဲ့ သူငယ်ချင်းမလို့ပေါ့
ပြောမှာရှိ ပြောစမ်းပါကွာ "

" ငါပြောပြမယ် ဖြစ်နိုင်ချေနှစ်ခုရှိတယ်...
ပထမတစ်ခုက မင်းသူငယ်ချင်းနဲ့ သူ့အကိုကြားမှာ
ပဍိပက္ခတစ်ခုခု ရှိရမယ်ကွာ "

ချစ်သော တွေးတောရပြန်သည်။
စာတွေ နေ့တိုင်းပို့မိတဲ့ ကိစ္စက
ပဍိပက္ခအနေနဲ့ သတ်မှတ်လို့ ရတာလား။
တကယ် အဲ့တာကြောင့် သူ့ကို ညီ မတော်ချင်တော့တာလား။ စိတ်ရှုပ်အောင် လုပ်မိလိုက်လို့လေ။

" ဒုတိယတစ်ခုကကျ ညီလို့ မသတ်မှတ်တော့တာ "

" ဟမ် ဘယ်လိုကြီးလဲ "

" အာ... ဒီလိုလေကွာ ကြားရတာတော့ နည်းနည်း
ထူးဆန်းကောင်း ထူးဆန်းနိုင်ပေမယ့်
မင်းသူငယ်ချင်းအပေါ် သူ့အကိုက ယောင်္ကျားလေးတစ်ယောက်၊ သူစိမ်းတစ်ယောက်အနေနဲ့ ခံစားချက်ရှိနေတာ၊ ညီအစ်ကိုတွေလို မနေချင်တော့ဘူး အဲ့တာကို ပြောတာ... "

ဒါပေမယ့် သူတို့နှစ်ယောက်လုံးက ယောင်္ကျားလေးတွေလေ။

" ‌သူများအကြောင်း တော်ရုံ စိတ်ဝင်စားစမ်းပါကွာ
လာ Round လှည့်ဖို့ အချိန်ရောက်ပြီ
နောက်ကျရင် ကောခံနေရမယ် "

The Little Black House (ချစ်သောမုဏ်း)Opowieści tętniące życiem. Odkryj je teraz