" အကိုရာ ကြက်ဥလေး ပေါ့တယ် ပြောမိတာပါ
ဟောက်လိုက်တာ တကယ်ပါပဲ "

" အကိုက ပြောပြနေတာလေ "

" ဒါဆို အကိုရော နေ့တိုင်း ကြက်ဥပြုတ်စားနိုင်လို့လား
အဆီအငန် ရှောင်နိုင်လို့လား "

" ရှောင်နိုင်တယ်လေ အကို နိုင်ငံခြားမှာ ဘိုစာတွေချည်း ဘယ်နှနှစ်တောင် စားပြီးနေခဲ့ရတယ် ထင်လို့လဲ သူတို့က အဆီအငန်မစားဘူး ဂျုံဘဲ စားတာ "

" အွန်းပါ ဘိုပါးစပ်ကြီးရယ် ကျွန်တော်ကတော့
မြန်မာပါးစပ်ဆိုတော့ အဆီအငန်အစပ် သိပ်ကြိုက်
ပြောရင်း ငါးပိတောင် စားချင်လာပြီ တကယ်ပါပဲ "

" အွန်းပါ စားပါ မြန်မြန် "

"  အစာဆိုတာ ဖြေးဖြေးလေးနဲ့ ကြေအောင် ဝါးရတာကို
မသိဘူးလား "

" ဟ ဟုတ်နေတာပဲ "

ချစ်သော သူ့ကိုယ်သူ ဒိုးကို စကားနိုင်လုလိုက်နိုင်ပြီ ထင်လိုက်သည်။

" ဒါနဲ့ သက်ဦး ဆိုရိုးစကားတစ်ခု ကြားဖူးလား "

" ဘာဆိုရိုးလဲ "

" အစာစားနေတဲ့ အချိန် ခွေးကိုတောင် မနှောင့်ယှက်ရဘူးတဲ့ "

" ကြားဖူးတယ် ထင်တယ် "

တစ်ခဏချင်းမှာဘဲ ချစ်သော သဘောပေါက်သွားသည်က
အကိုက သူ့ကို ခွေးလို့ သွယ်ဝိုက်ပြောလိုက်သည်ဆိုတာပင်။
အကိုကတော့ သူ ဘာမှ မပြောလိုက်သည့်အတိုင်း ရုပ်တည်နဲ့ထိုင်နေလေသည်။

" အကိုက တကယ့်ကိုပဲနော်
တကယ် တကယ် ပြောစရာစကားကို မရှိတော့ဘူး "

" ဒါဆိုလည်း မပြောနဲ့လေ "

အကိုက သူ့ထက် အသက်ကြီးနေလို့သာ ရွယ်တူသာဖြစ်နေရင် သူလည်း စကားလုံးကြမ်းကြမ်းတစ်ခု ပြန်ပြောမိလောက်မည်။

" ဒါနဲ့ အကို ....ဟိုမှာ သူငယ်ချင်းတွေ အများကြီး ရခဲ့မှာပေါ့ "

" မိတ်ဆွေသဘောလောက်တွေတော့ ရှိပါတယ်... "

" ဟင် သူငယ်ချင်းမရှိဘူးပေါ့ ဒါဆို "

" အင်းပေါ့ အကိုက စာလည်း လုပ်ရတဲ့အပြင်
အဆောင်နေတာလည်း မဟုတ်တော့ သူငယ်ချင်းရဖို့ မလွယ်ဘူးလေ "

You've reached the end of published parts.

⏰ Last updated: Apr 07 ⏰

Add this story to your Library to get notified about new parts!

Dear's doorWhere stories live. Discover now