ကွက် ကွက် ကွက်

သူ၏အရှေ့မှ ဟိန်းသံက ထွက်လာသည်။ ဆုပိုင်က ချက်ချင်းလိုလို သိလိုက်သည်။

ပျားရည်ခွေးတူဝက်တူက စတင်ကာ ရှေ့တန်းမှ တိုက်ခိုက်နေပြီ ဖြစ်သည်။ သူက ရှောင်ရှားခြင်းပင် မပြုပေ။ သူက မြွေ၏ခန္ဓာကိုယ်ကို ကိုက်ခဲထားသည်။ မြွေ၏ခေါင်းက သူ့ကို ကိုက်ခဲနေသည့် အခြေအနေကို ဂရုစိုက်ခြင်း မရှိချေ။

"ဆုတ်ဖြဲ"

သူက လက်သည်းများကို ဆန့်ထုတ်လိုက်ပြီး မြွေ၏ကိုယ်ပေါ် ဖိချလိုက်သည်။ ထို့နောက် မြွေဟောက်ဘုရင်၏ ကြေးခွံ့များကို ခပ်ကြမ်းကြမ်း ဆုတ်ဖြဲသည်။

"ဟစ်"

မြွေဟောက်ဘုရင် နာကျင်စွာ နှာမှုတ်သည်။ သူက ထွက်ပြေးရန် ကြံစည်သည်။

သို့ရာတွင် ပျားရည်ခွေးတူဝက်တူက ထောင်ချောက်ထဲ ဝင်လာအောင် လှုပ်ရှားနေခြင်း ဖြစ်သည်။ ထို့ကြောင့် မြွေ၏ခေါင်းကို တိုက်ရိုက်ပင် သူ၏ထက်ရှသော သွားများဖြင့် ကိုက်ခဲလိုက်သည်။

ခရက်

အရိုးများ ကျိုးသံက ထွက်လာသည်။

မြွေဟောက်ဘုရင်၏ ကိုယ်က ဆက်တိုက်ဆိုသလို ကွေးတက်သွားသည်။ သူက ပြန်ဆန့်သွား၏။ သူက သေသွားလေပြီ။

ဂါး

ဆုပိုင်က အလျင်စလို ပြေးသွားသည်။ ပျားရည်ခွေးတူဝက်တူက ဆုပိုင်ကို ဝေးဝါးသော မျက်ဝန်းမျိုးဖြင့် ကြည့်သည်။ ထို့နောက် သူ၏ လက်သည်းသည် မြေပြင်ရှိ အလောင်းကို ထိသည်။ ထို့နောက် လဲကျသွားသည်။ သို့သော် ထိုအချိန်တွင် _ _ _

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းရှေ့မှ ကြည့်နေသော လူများကမူ ခြောက်ခြားဖွယ်ကောင်းလွန်းသော တိုက်ပွဲမျိုးကြောင့် အသက်ပင် ကောင်းကောင်း မရှူရဲချေ။

ခေါင်းပြားတာ့ကော မြေပြင်ပေါ်သို့ လဲကျသွားပြီးနောက် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းတစ်ခုလုံးက ဆူပွက်သွားသည်။

{သွားပြီ ခေါင်းပြားတာ့ကောက သူ့ကိုယ်သူ သတ်သေလိုက်ပြီ}

{ငါ ဒီမြွေအကြောင်းကို ကျောင်းမှာ သင်ဖူးသလိုပဲ။ ဒါက မြွေဟောက်ဘုရင် ဖြစ်လောက်မယ်။ နောက်ပြီး သားရဲတွေ မျိုးမတုန်းခင်ကဆို အဆိပ်အပြင်းဆုံးမြွေထဲမှာ ပါဝင်သေးတယ်}

ဒါကို တိရုံလို့ ခေါ်တာလား (Zoo)Where stories live. Discover now