One

1.2K 156 93
                                    


Zawgyi

အပ်ကျသံပင် ကြားရသည့်အလား တိတ်ဆိတ်နေသည့်အခန်းကျယ်။black coffee နံ့ပြင်းပြင်းက တစ်ခန်းလုံးပျံ့နေလျက် အသက်ရှူသံမျှင်းမျှင်းနှင့် ရောယှက်နေသည်။တစ်ချက်တစ်ချက် စာရွက်လှန်သံသဲ့သဲ့က ကြားဖြတ်ဝင်လာပြီး လေထုဟာ သန့်စင်သော်ငြား အေးစက်နေသည်။

ကြည်တောက်နေသည့် ဖန်သားပြင်ရဲ့ တစ်ဖက်တွင် အတော်သင့်ကြီးသည့် အလုပ်စားပွဲရှိပြီး ထိုနေရာရဲ့ ဆုံလည်ကုလားထိုင်တွင် ခပ်မတ်မတ်ထိုင်နေသည့်သူ။အပေါ်ကုတ်ကို ချွတ်ထားသည့်မို့ အောက်ခံအနက်ရောင်ရှပ်ကြောင့် ဝင်းမွတ်နေသည့် အသားရည်က ထင်းနေသည်။လည်ပင်းရှိ ကြယ်သီးနှစ်လုံးလောက်ကို ဖြုတ်ထားသည့်အခါ ကျယ်ပြန့်သည့် ပခုံးနဲ့လိုက်ဖက်သောရင်အုပ်အစုံက ထင်ထင်ရှားရှား။

သေသပ်စွာ နဖူးပေါ်ထိ ဖြီးသင်ထားသည့် ရွှေအိုရောင်ဆံသားတွေအောက် နက်ဆွေးနေသည့် မျက်ဝန်းရှည်က စူးရဲနေသည်။သွယ်ထက်ကာ တိကျသည့် မေးရိုးဟာလည်း တင်းတင်းစေ့ထားသည့် အညိုဖျော့ရောင်နှုတ်ခမ်းနှင့်လိုက်ဖက်လျက်ရှိန်ဝါနေသည်။

ပြင်ပရှိ တံခါးခေါက်သံကြောင့် အတည်ပြုသည့်အခါ စားပွဲရှေ့ခြေလှမ်းမှန်မှန်လျှောက်လာသည့်သူကို တစ်ချက်မျှပင်မကြည့်ပါသော်ငြား ထိုသူ့မျက်နှာတွင် အပြုံးနုနုက ပေါ်လွင်နေသည်။

"ဥက္ကဌကြီးရှာခိုင်းထားတဲ့သူကို တွေ့ပါပြီ !"

ဝုန်း !

ဘောပင်တစ်ချောင်းဖြင့် လှုပ်ရှားနေသည့်လက်သွယ်သွယ်တို့ ရပ်တန့်ကာ ရုတ်တရက်အားဖြင့် ထရပ်လိုက်သည့်အသံက ဟိန်းထွက်လာသည်။အံ့ဩခြင်းတစ်ဝက် ပျော်ရွှင်ခြင်းတစ်ဝက်ဖြင့် မျက်ဝန်းတွေက အနီရောင်လွှမ်းလာကာ black coffee နံ့ဟာ မွှန်ထူလာသည်။အနားရှိသူသည် betaမဟုတ်ပါဘဲ alpha ဆိုရင်တောင် ဒူးညွတ်ခွေကျလောက်သည်အထိ အားပြင်းပါသည်။

"ဘယ်မှာတဲ့လဲ ဗြော !"

"Heaven Barပါ ဥက္ကဌကြီး ~ "

ENIGMA' sWhere stories live. Discover now