အပိုင်း (11)

ابدأ من البداية
                                    

ကိုယ်ရံတော်က တဆင့် လှူခိုင်းစေသည်။

"ငါပြောမယ်နော် မင်းတို့က ဂျွန်ရဲ့ ကိုယ်ရံတော်တွေ.. ပြည်သူတွေပိုက်ဆံ အလွဲသုံးစားလုပ်လို့ကတော့ ငါလည်ဖြတ်ခိုင်းမှာ သိတယ်နော် "

"ကျွန်တော်မျိုးတို့ မလုပ်ရဲပါဘူး "

သူ မနက်ထဲက လုပ်တာ ညပင်ရောက်သွားလေပြီ
ကိုယ့်ဟာကိုယ်တောင် သတိမထားမိလိုက်ဘူး

ရုတ်တရက်ကြီး ဂျွန်အကြောင်းတွေ ဦးနှောက်ထဲရောက်လာသည်။ ဘာလို့မှန်းမသိ သူပြန်ချင်​နေပြီ

ညကြီးမှာ လီတိုင်းပြည်ဘုရင်က Jimin နဲ့ တစ်ရက်လောက်အချိန်ဖြုန်းနိုင်ရန် ဒီနေ့တစ်နေကုန် အလုပ်သာဖိလုပ်နေသည်။

လီတိုင်းပြည့် ဘုရင် ရဲ့ ကိုယ်ရံတော် တစ်ယောက်ဟာ လေ၏ အလျင်နဲ့ အတူ ရောက်လာတော့သည်။

"အရှင်မင်းကြီးကို ဂါ၀ရပြုပါတယ် "

ရှင်ဘုရင်မြင်တော့

"မင်းဘယ်လိုရောက်လာတာလဲ မင်း ငါ့ဆီက
ခွင့်သုံးရက် ယူသွားတာ မလား  "

". အရှင်မင်းကြီး ကျွန်တော်မျိုး ပတ်ခ်ဂျီမင် သတင်းကြားတာနဲ့ အလုပ်ပြန်လုပ်ချင်စိတ်တွေပေါက်လာလို့ "

ရှင်ဘုရင်က ခေါင်းခါလျက်ဖြင့် သူ့ကိုယ်ရံတော် လို့ခေါ်ရမှာထက် သူ့လူယုံအကြောင်း သိတာပေါ့

"မင်း သူ့မျက်နှာမြင်ခွင့်ရမရ ငါမသိဘူး မင်းအလုပ်ပြန်၀င်မယ်ဆို သေချာတော့လုပ် "

"ဟုတ်ကဲ့ အရှင် ကျွန်တော်မျိုး အစွမ်းကုန် ကြိုးစားမှာပါ "

ပတ်ခ်ဂျီမင်ကို မြင်ရဖို့ ဟီး ဟီး ဟီး

🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

နောက်တစ်နေ့မှာ ရှင်ဘုရင်နဲ့တွေ့ဖို့ ချိန်းထားသည့်အတွက် jimin သွားသည်။

ရှင်ဘုရင် နဲ့  အတူ မြသားရေကန် အမည်ရှိတယ့် အရပ်သို့ ၃နာရီလောက်အထိ မြင်းစီးသွားခဲ့ရသည်။

ထိုနေရာ ရောက်ချိန်

အဲ့နေရာက အရမ်းကို အေးချမ်းတယ် ရေတွေက ကြည်ပြာနေလျက်ဖြင့် လေပြေလေညှင်းတွေနှင့် အေးချမ်းသည်။

ကိုကို့ အတွက် လှောင်အိမ်...🚫🚫🚫 (Z+U)حيث تعيش القصص. اكتشف الآن