10

808 65 8
                                    



အပိုင်း၁၀

အိမ်ထောင်ကျပြီးတဲ့နောက်ပိုင်း ဝမ်ရိပေါ်သိလာတာက ရှောင်းက သိပ်ဂျေးများတက်တယ်။ စည်းကမ်းကြီးတယ်လို့လဲ ပြောလို့ရတယ်ပေါ့။ တအားလဲ အသန့်ရှင်းကြိုက်တယ်။ သူ့ကိုဆိုဆူဖို့ကြည့်ပဲ။ ဒါပေမဲ့အချက်ပြုတ်ကတော့ လှည့်ကြည့်စရာမလိုအောင်ကို တော်တာ။ အိမ်မှုကိစ္စလဲ နိုင်သလားမမေးနဲ့ တကယ့်ကိုအိမ်ရှင်ထီးလေး။ အလုပ်လုပ်ရင်လဲ တအားဒေါင့်စေ့တာ သူများလုပ်ပေးရင်လဲမကြိုက်ဘူး သူ့ဘာသာပြန်လုပ်တာ ရှောင်းကတအားအပင်ပန်းခံတာပဲ သူကတော့ဘဘောမကြပါဘူး။ ရှောင်းကိုဇိမ်လေးနဲ့ နေတာပဲ မြင်ချင်တာ ဒါပေမဲ့ ရှောင်းကမနေဘူးလေ ပြောလို့လဲမရဘူး။

"မောင်ပြန်လာပြီ"

"ပြန်လာပြီလားမောင် ‌ဒီမှာ မောင့်အတွက်သံပုရာရည် ရေအရင်ချိုးလိုက်နော် ပြီးမှထမင်းအတူတူစားကြမယ်"

ဝမ်ရိပေါ်က ရှောင်းရဲ့မေးဖျားလေးကို ကိုင်လိုက်ရင်း

"ကဲ မောင့်ရဲ့အသည်းလေး စကားပြောနေတာခနလောက်ရပ်ပါအုန်း မောနေတော့မယ်"

"မမောပါဘူး မောင်ရယ် သွားသွား ရေသွားချိုးတော့နော် ရှောင်းထမင်းပွဲ ပြင်ထာစလိုက်မယ်"

"နေအုန်း လုပ်စရာကျန်သေးတယ်"

"ဟင် ဘာလုပ်မှာ"

"မွ"

"မောင်နော်!"

"ဟဲ မောင်ရေသွားချိုးပြီ"

"လုပ်ချင်တာလုပ်ပြီးထွက်သွားတယ် မောင်က"

ရှောင်းကျန့်သူ့နှုတ်ခမ်းလေးကို ယောင်ယောင်မှား‌မှားကိုက်နေမိလိုက်တယ်။ မောင့်ကို မျက်စောင်းကလေးအနည်းငယ်ထိုး‌ပြီး ထမင်းပွဲပြင်တော့သည်။

"မောင် ခေါင်းမလျှော်နဲ့နော်"

ရှောင်းကျန့်ထမင်းပွဲပြင်နေရင်း လှမ်းပြော‌လိုက်သည်။ မောင်ကမကြားလိုက်ဖူးထင်တယ်။ ခနအကြာမှာ ခေါင်းလျှော်ပြီးတက်လာတယ်။

"မောင်ကကွာ ခေါင်မလျှော်ပါနဲ့ဆို ရှောင်းပြောတာမကြားလိုက်ဖူးလား"

You've reached the end of published parts.

⏰ Last updated: Apr 03 ⏰

Add this story to your Library to get notified about new parts!

အိမ်ထောင်သည်ရှောင်းက ဂျေးများလွန်းတယ်Where stories live. Discover now