3

1.3K 126 5
                                    

အပိုင်း၃

ဟိုနေ့က သူတို့ ချိန်းတွေ့တာကို ရှောင်းကျန့်အမေသိသွားတယ်တဲ့။ ရှောင်းကျန့်ကတော့ သေချာပေါက်ဆူခံ နေရမှာ။ အဲ့ဒီနောက်ပိုင်းမှာလဲ ရှောင်းကျန့်ဆီကို စာပို့လို့ မရတော့ဘူး။ ရှောင်းကျန့်အမေက ရှောင်းကျန့်ရဲ့ သူငယ်ချင်းတွေကို အိမ်ကို မလာခိုင်းတော့ဘူးတဲ့။ ဒါကြောင့် တခြားနည်းလမ်း ရှာရတော့မယ်။ ဒီလိုနဲ့ပဲ ရှောင်းကျန့်အမေနဲ့ ခင်တဲ့ အဒေါ်ကြီး အသိများကို လိုက်ကပ်ခါ ရှောင်းကျန့်အမေကို ပြောခိုင်း နားချ‌ခိုင်းရတယ်။ သူနဲ့ရှောင်းကျန့်ကို သဘောတူဖို့။

………

"ဒေါ်ရွှေ နင့်သားလေးကိုလေ အရာရှိက ကြိုက်နေတာ"

"ဘယ်သူလဲ အိမ်က အလတ်ကောင်ရှောင်းကျန့်က‌ ရည်စားရနေပြီထင်တယ်"

"ဘာလို့ဒုန်း"

"ဘာမှဟုတ်ပါဘူး ဒေါ်ရွှင်းရွှင်း ခုဏက ဘာပြောတာလဲ ဘယ်သူက ကျုပ်သားကို ကြိုက်နေတာလဲ"

"ဘယ်သူရှိရမလဲ ဒို့မြို့ကို အသစ်ပြောင်းလာတာမကြာသေးတဲ့ ရုံပိုင်လေးဝမ်ရိ‌ပေါ် ပေါ့ဟဲ့"

"ဘယ်လို ရုံပိုင်လေး ဝမ်ရိ‌ပေါ် ဟုတ်သလား"

"အေးလေဟယ် နင်တို့ဆိုင်မှာ နေ့တိုင်း နေ့တိုင်း ဆီလာလာ ဖြည့်နေတဲ့ အသားဖြူဖြူ ရုပ်ချောချော ကောင်လေးလေ "

"ငါရိပ်မိပါတယ်"

"နင်စိတ်ကူး မလွဲနဲ့နော်။ နင့်သားကို ကြိုက်ကြတာ  ဆရာဝန်လောင်းတွေ ဝန်ကြီးသားတွေ ရှိမှန်း ငါသိပါတယ်။ ဒါပေမဲ့လေ ပိုင်လေးဝမ်က ရုပ်လဲချောတယ် ပြီးတော့ ကိုယ့်ပိုက်ဆံ ကိုယ်ရှာနေတဲ့သူ သဘောမနောကလဲ သိပ်ကောင်း ပြီးတော့ သူကလေ ဒီမြို့မှာ တာဝန်ကျပြီးသွားရင် ရာထူး တိုးပြီတဲ့ ရုံပိုင်ကြီး ဖြစ်မှာတဲ့ ရုံပိုင်ကြီးဆို လစာက ၅သောင်း ၆သောင်း ဝန်းကျင်တဲ့ သူနဲ့ဆိုလေ နင့်သားနဲ့က နေနဲ့လ ရွှေနဲ့မြပဲ ဟဲဟယ်!"
(လစာက အကြည်ခန့်မှန်းလိုက်တာပါ အကြည့်ရဲ့‌အဖေလဲ ရုံပိုင်ကြီးမို့လေ)

"ဒီမယ် ‌ဒေါ်ရွှင်းရွှင်း ညဉ်းကို ပိုင်လေးဝမ်က ဘယ်လောက်တောင် ရှေ့နေခ ဘယ်လောက်တောင် ပေးထားသလဲ"

အိမ်ထောင်သည်ရှောင်းက ဂျေးများလွန်းတယ်Where stories live. Discover now