8

1.5K 118 6
                                    

အပိုင်း၈

အခုဆိုရင် ဝမ်ရိပေါ်ဟာ သူ့ရဲ့ ရှောင်းလေးကို ဒုတိယအကြိမ်ခိုးခြင်း ဖြစ်ပါတယ်။ အရင်လို လူတွေ့ပြီး မပြောတော့ပဲ စာကလေးနဲ့ရေးပြီး ရှောင်းသူငယ်ချင်းကို သေသေချာချာ ပေးခိုင်းလိုက်ရတယ်။ ဒါတောင် အကြိမ်ကြိမ်မှာလိုက်ရသေး။ ဒီတတစ်ခါလဲ စနေနေ့၂နာရီကိုပဲ ချိန်းလိုက်တာ။
ဒါပေမဲ့ ရှောင်းဟာ ထွက်မလာခဲ့ဘူး။ ရှောင်းသူငယ်ချင်းကများ စာမပေးလိုက်လို့လား ‌ဒါ‌ပေမဲ့ သူသေချာ မှာလိုက်တာပါ။ ဒါမှမဟုတ်ရှောင်းက မလိုက်ချင်တာများလား။ မဖြစ်ပါဘူး နောက်တစ်ခါတော့ အပါခေါ်ရမယ်။

ဒီတစ်ခါ ဝမ်ရိပေါ်တို့က ရှောင်းကို ပို့ဖို့စာရေးတဲ့အခါ ‌ရှောင်းသူ့နောက်ကိုလိုက်ဖို့ကလိမ်ကကျစ်ကျပြီး ရေးချပစ်လိုက်တယ်။

/ရှောင်း မောင်ဒီတစ်‌ခါ နောက်ဆုံးပဲခိုးတော့မှာနော်။ ရှောင်းမလိုက်ရင် မောင်က ရှောင်းကို မယူတော့ဘူးနော်။ လာမည့် တနင်္လာနေ့ မနက် ၂နာရီခွဲ တိတိမှာ ရှောင်းထွက်လာခဲ့။/

ရှောင်းကျန့် မောင့်ဆီကလာတဲ့ စာကိုဖတ်ရင်း လက်တောင်တုန်လာတယ်။ ဘယ်လိုလုပ်မလဲ မောင်က ဒီတစ်ခါမှ ခိုးရာမလိုက်ရင် သူ့ကိုမယူတော့ဘူးတဲ့လေ။ ဒီတစ်ခါ နောက်ဆုံးတစ်ခါ မောင်နဲ့လိုက်သွားရင် ဒီအိမ်က ထွက်သွားရမယ်ဆိုပေမဲ့ ဒီလှောင်အိမ်ကနေ ငါလွတ်သွားမှာ။ ပြီးတော့ မောင်နဲ့ကလဲ စေ့စပ်ပြီးသားပဲဟာ။ ဘဝမှာ တစ်ခါလောက်တော့ မိုက်ရူးရဲဆန်ကြည့်ချင်သေးတယ်။

မနက်၂နာရီ၁၅မိနစ်_

ရှောင်းကျန့်တို့ အကုန်ပြင်ဆင်ပြီးသား။ ဒီတစ်ခါတော့ ဘာမှတွေးတော့မနေတော့ပဲ မျက်စိဆုံမှိတ်ပြီး မောင့်နောက်ကို လိုက်တော့မှာပါ။အမေတို့က ညစောစောအိပ်ကြတယ်။ အကိုတွေနဲ့ မောင်လေးကတော့ ၁၁နာရီ‌လောက်တုန်းကမှ အိပ်ပျော်သွားကြတာ။ ရှောင်းကျန့်တစ်‌ယောက် ခပ်ဖွဖွလေး ခြေကိုလှမ်းရတယ်။ မသိရင် သူ့ပုံစံက အိမ်ထဲ ခိုးကြောင် ခိုးဝှက်ဝင်နေသည့် သူခိုးကြီးကြလို့။ ဖေနဲ့မေကို အခန်းတံခါးဝကပဲ ကန်တော့ခဲ့ပါတယ် စိတ်ထဲတော့ တမျိူးကြီးပဲ ဝမ်းနည်းနေသလိုလို ပြီးတော့ အရမ်းလဲစိတ်လှုပ်ရှားနေတာ။ ခြံတံခါးပေါက်ကြီး ရောက်မှ ခြံသော့ကြီးမေ့ကျန်ခဲ့လေရဲ့။ ရှောင်းကျန့် ကိုယ့်နှဖူးကို ပြန်သာရိုက်လိုက်တော့သည်။ ခြံသော့ သွားယူမလို့ပြင်တုန်း ဘယ်ကမှန်းမသိတဲ့ ခေါ်သံသဲ့သဲ့က ထွက်ပေါ်လာသည်။

အိမ်ထောင်သည်ရှောင်းက ဂျေးများလွန်းတယ်Where stories live. Discover now