4

1.2K 112 2
                                    

အပိုင်း‌၄

ယန့်ပူးကိုရောက်လာတာ သုံးရက်တောင်ရှိပြီ။ ဘူတာသစ်ကို ရောက်တိုင်း အဆင်မပြေမှုတွေ စိမ်းသက်နေမှုတွေက ရှိနေမြဲပါပဲ။ တစ်ခုပဲ ဒီနေရာမှာ ရှောင်းကျန့်က ရှိ‌မနေဘူးလေ။ ရှောင်းကျန့်နဲ့ အဆက်သွယ် မရ‌တာ ဒီရောက်ကထဲနဲ့‌။

"ပိုင်လေး နေရတာ အဆင်ပြေလား ဘူတာနဲ့ ရွာထဲက အတော်တော့ ဝေးတယ်ဗျ"

"ရပါတယ်ဗျာ ကျွန်‌တော် နေရတာ အဆင်ပြေပါတယ် ပိုင်ကြီးဟန်"

"ကောင်းတယ် ကောင်းတယ် ဒါနဲ့ ညနေ ကိုယ့်ဂျူတီကို ပိုင်လေးဝမ် ဝင်ထားပေးပါလား ဒီနေ့က ကိုယ့်ဇနီးရဲ့ မွေးနေ့မို့ပါ"

"ဟုတ်ကဲ့ ရပါတယ် ပိုင်ကြီးဟန် "

"အေးအေး"

"ပိုင်ကြီးဟန် စာတိုက်ရုံးက ဘယ်နားမှာလဲဗျ့"

"ရွာရဲ့ မြောက်ဖက်မှာ ဘူတာနဲ့ဆို အတော်ကြီးဝေး‌တယ်ကွ ဘူတာက ရွာတောင်ဘက်လေ ဘာလဲ ပိုင်လေးဝမ်က ကောင်မလေးကို လွမ်း‌နေပြီလား ဟားဟား"

"ပိုင်ကြီးဟန်တို့ကတော့ဗျာ"

"စတာပါ စတာ စတာ ဒါနဲ့ စာတိုက်က ညနေ၅နာရီဆိုပိတ်တယ် ကောင်မ‌လေးဆီကို စာပို့ နောက်မကျအောင် စောစောသွားပေါ့နော့် "

ပိုင်ကြီးဟန်ကျိုးရီက ရယ်ကျဲကျဲနဲ့ စတာထွက်သွားလေတယ်။ မကြာခင်မှာပဲ အမှတ်၂၃ရထားဟာ ဆိုက်ရောက်လာလေတယ်။ ကျွန်တော်လဲ ထွက်ကာ လမ်းရှင်း စာရွက် သွားပေးရတယ်။ အမှတ်မထင်ပဲ အမှတ်၂၃ရထားကနေ ဆင်းလာသည့် ခရီးသည်ထဲမှာ သူတို့ရဲ့ အောင်သွယ်တော် အဒေါ်ကြီး ရွှင်းရွှင်းပါလာလေတယ်။

"ဒေါ်ဒေါ်!"

"ဟယ် ပိုင်လေးဝမ် ပိုင်လေးက ဒီဘူတာကို ကျလာတာလား "

"ဟုတ်ပါတယ် ဒေါ်ဒေါ် ဒါနဲ့လေ ရှောင်းရဲ့ သတင်းလေး ဘာကြား‌သေးလဲဟင်"

"အမ‌လေး ရှောင်ရှောင်းတို့ကတော့ ပိုင်လေးဝမ် ထွက်သွားကထဲက တငေးငေး တငိုင်ငိုင် ကြာလာတော့ သူ့မိဘတွေက ‌အော်ငေါက်နေသေးတာ ပိုင်လေးဝမ်က သွားတာ ၁ပတ်တောင် တင်းတင်းမပြည့်သေး ရည်းစားပူမိနေလေရဲ့ ဟင်းး"

အိမ်ထောင်သည်ရှောင်းက ဂျေးများလွန်းတယ်Where stories live. Discover now