အခန်း ၁၆။ ပန်းပွင့်မုန့်ပေါင်းလေး

2.3K 307 11
                                    

မင်္ဂလာဆောင် ဂုဏ်ပြုစားပွဲနေ့တွင် အရုဏ်မတက်မီ ချောင်ယွမ် အိပ်ရာထခဲ့သည်။ ပန်းကိတ်မုန့် ပြုလုပ်ခြင်းသည် အနုစိတ်ပြီး အချိန်ကုန်သော အလုပ်ဖြစ်သည့်အတွက် ကြိုတင်၍ ပြင်ဆင်မှဖြစ်မည်။ ယွီသာ့မုန်သည်လည်း ဆူညံသံများအားကြားပြီးနောက် သူ့ကိုကူညီရန် အိပ်ရာမှ ထလာလိုက်သည်။

မင်္ဂလာဆောင် ဂုဏ်ပြုစားပွဲအတွက်ကတော့ မှန်တာပေါ့ ရေထဲတွင် ကစားနေသည့် မန်ဒရင်းဘဲမောင်နှံ ပုံစံလုပ်မည်ပင်။ အနီရောင်၊ အစိမ်းရောင်နှင့် အဝါရောင်ကို အဓိကအသုံးပြုမည်ဖြစ်သည်။

အနီရောင်အတွက် *အနီရောင်တဆေးဆန်*ကို သုံးမည်ဖြစ်ပြီး ၎င်းကို မြို့မှ ဟင်းခတ်အမွှေးအကြိုင်ဆိုင်တွင် ဝယ်ယူရရှိနိုင်သည်။ ၎င်းကို တာ့ချူပြည်တွင် ရံဖန်ရံခါ ပျော်ပွဲရွှင်ပွဲအခါသမယများ၌ ဥများကို အရောင်ဆိုးရန် အသုံးပြုကြသည်။ အစိမ်းရောင်အတွက် ဟင်းနုနွယ်ရွက်ကို ရွေးချယ်ခဲ့ပြီး အစိမ်းရောင်အရည်ရရန်အတွက် ဟင်းနုနွယ်ရွက်ကို ရေအနည်းငယ်နှင့် ကြိတ်နယ်လိုက်သည်။ အဝါရောင်အတွက် ရွှေဖရုံသီးကို အသုံးပြုခဲ့သည်။ အရင်ဆုံး ၎င်းကိုပေါင်းလိုက်ပြီးနောက် ဂျုံနှင့်ရောနယ်လိုက်သည်။

အနီရောင်အတွက် *အနီရောင်တဆေးဆန်*ကို သုံးမည်ဖြစ်ပြီး ၎င်းကို မြို့မှ ဟင်းခတ်အမွှေးအကြိုင်ဆိုင်တွင် ဝယ်ယူရရှိနိုင်သည်။ ၎င်းကို တာ့ချူပြည်တွင် ရံဖန်ရံခါ ပျော်ပွဲရွှင်ပွဲအခါသမယများ၌ ဥများကို အရောင်ဆိုးရန် အသုံးပြုကြသည်။ အစိမ်းရောင်အတွက် ဟင်းနုနွယ်ရွက်က...

Ups! Tento obrázek porušuje naše pokyny k obsahu. Před publikováním ho, prosím, buď odstraň, nebo nahraď jiným.

အနီရောင်တဆေးဆန်

မကြာမီတွင် အခြားသော ယွီမိသားစုဝင်များသည်လည်း အိပ်ရာထလာကြသည်။ မုန့်ချုံးသည် ဂျုံမုန့်ညက်နယ်ရာတွင် ကူညီခဲ့ပြီး လင်ချွေ့ဖန်းမှာ မုန့်ပေါင်းလုပ်ရန်အတွက် ဂျုံမုန့်နှစ် ပြင်ဆင်နေကာ လူအိုကြီးယွီက ဘေးမှကူညီပေးနေသည်။ ယွီရှန့်ရွှယ်သည် တရုတ်ဆီးသီးခြောက်များမှ အစေ့ထုတ်ရန် လျိုကောအာကို ကူညီပေးနေပြီး ယွီရှန့်ဝမ်နှင့် ယွီရှန့်ဝူတို့ တစ်ယောက်ချင်းစီမှာ မီးဖိုတွင် မီးမွှေးနေကြလေသည်။

ပန်းပဲဆရာ၏ ခင်ပွန်းသည်အဖြစ် ကူးပြောင်းလာခြင်းKde žijí příběhy. Začni objevovat