အခန်း ၁၁။ ပုံပြင်စာအုပ်

1.4K 199 3
                                    

ဖြစ်ရပ်တစ်ခုလုံးသည် ချောင်ယွမ်အား စိတ်ရော ကိုယ်ပါ ပင်ပန်းစေ၏။ သူအနည်းငယ် မသက်မသာခံစားနေရ၏။ အဘယ်ကြောင့်ဆိုသော် မူလကိုယ်သည် ဤအကျိုးအကြောင်း မသင့်သည့် စုန်းမအိုကြီးနှင့် နေ့စဉ်ဆက်ဆံနေရပြီး သူ၏ အနိုင်ကျင့်ခြင်းကိုလည်း ခံခဲ့ရသည်။ ယခုတွင်တော့ သူသည် ယွီမိသားစုထံတွင် သက်သောင့်သက်သာဖြင့် နေထိုင်နေရရာ အလကားလိုက်စီးရသကဲ့သို့ ခံစားနေရ၏။

ယွီသာ့မုန် များပြားလှစွာသော တရုတ်ဆီးသီးခြောက်များကို ရေဆေးပြီး ချောင်ယွမ့်ထံသို့ ပေးလိုက်သည်။ ချောင်ယွမ် ယူလိုက်ပြီး အကြီးကြီးကိုက်ချလိုက်၏။

ယွီသာ့မုန် အိပ်ရာဘေးတွင် တခဏကြာ ထိုင်နေပြီး သဲသဲကွဲကွဲ မကြားရသောအသံဖြင့် ရုတ်တရက်ပြောလေ၏။
"ယွမ်ကောအာ အနာဂတ်မှာ အဲ့လိုထပ်မလုပ်ပါနဲ့"

ချောင်ယွမ်သည် အိပ်ရာပေါ်တွင် လှဲနေပြီး သူ့ကိုလက်လှမ်းမမီနိုင်ရာ သူ့ခြေထောက်အား အသာအယာပွတ်ပြီး အလျဉ်းသင့်ရာ ပြောလိုက်သည်။
"ကျွန်တော် ပက်လက်ကုလားထိုင်တစ်လုံး လိုချင်တယ်"

ယွီသာ့မုန် သူ့ကိုစောင်ခြုံပေးပြီး ပြောလိုက်၏။
"ကိုယ် ဝမ်ကျားဝမ်ကိုသွားပြီး အဲ့ဒီက လက်သမားဆရာတွေဆီကနေ တစ်ခုမှာလိုက်မယ် မင်း နားနေပါ"

ယွီသာ့မုန် တံခါးမှထွက်သွားတော့မည်ကို ချောင်ယွမ်မြင်လေသော် သူ ယွီသာ့မုန်အား ခေါ်လိုက်၏။ သူ့မျက်နှာအား ခေါင်းအုံးထဲတွင် မြှုပ်ထားပြီး ဗလုံးဗထွေးဖြင့် ပြောလိုက်သည်။
"ယွီသာ့မုန် ကျွန်တော်ထပ်မလုပ်တော့ပါဘူး"

အနာဂတ်မှာ ဘဝကို ခင်ဗျားနဲ့အတူကုန်ဆုံးသွားဖို့ ရည်ရွယ်ထားတယ်။

ယွီသာ့မုန် ဘာကိုမှ မပြောခဲ့သော်လည်း သူ့ခြေလှမ်းများကို အသော့နှင်လိုက်သည်။ ယွမ်ကောအာသည် ပထမဆုံးအကြိမ် သူ့အားတစ်စုံတစ်ခု တောင်းဆိုခြင်းဖြစ်သည့်အတွက် ထိုအရာအား အမြန်ဆုံးယူလာ၍သာ ပေးချင်တော့သည်။

အံ့ဩဖွယ်ကောင်းစွာ ထိုအဖြစ်အပျက်အတွင်း ကြော်ငြာခြင်းသည် အမှန်တကယ်ပင် အလုပ်ဖြစ်လေ၏။ မရီးကျန်းသည် သူ၏ကတိအတိုင်း ရောက်ရောက်ချင်းမှာပင် သကြားနီမုန့်ပေါင်း အစိတ်‌ပေါင်း သုံးဆယ်ဝယ်ယူခဲ့သည်။ လင်ချွေ့ဖန်းသည် သူ့အား နှစ်စိတ်ပင် အပိုပေးလိုက်ပြီး စောစောပိုင်းက ချောင်ယွမ်အတွက် ကူညီ၍ပြောပေးသည့်အတွက် ကျေးဇူးတင်လိုက်၏။

ပန်းပဲဆရာ၏ ခင်ပွန်းသည်အဖြစ် ကူးပြောင်းလာခြင်းWhere stories live. Discover now