နောက်တစ်ရက်တွင် ချောင်ယွမ်သည် ယွီသာ့မုန်အတွက် ဆန်မုန့်ပေါင်းရန်နှင့် ပိုင်မုန့်လုပ်ရန် တမင်တကာစောစောထလိုက်သည်။
လင်ချွေ့ဖန်းသည် ထိုနေ့တွင်ပင် သားသတ်သမားကျန်းမှာ သူ၏ဆွေမျိုးများထံသို့ အလည်အပတ်သွားသဖြင့် အသားမရခဲ့ပေ။ ချောင်ယွမ်သည် သူ၏အစီအစဉ်အား ပြောင်းလဲကာ ပိုင်မုန့်အား အသားအစား အသီးအရွက်များနှင့် ပြုလုပ်ခဲ့သည်။ ကြက်သွန်မြိတ်နှင့် ကြက်ဥထည့်ခြင်းသည် ထုံးစံအတိုင်း အရသာအရှိဆုံး ဖြစ်သော်လည်း ကြက်သွန်မြိတ်၏ အနံ့ပြင်းပြင်းကြောင့် နွေရာသီတွင်စားရန် မသင့်လျော်ပေ။ ထို့ကြောင့် ချောင်ယွမ်သည် ဟင်းနုနွယ်၊ ခါကြက်ဥ၊ ကြက်ဥနှင့် ကြာဆံတို့ထည့်လိုက်ရာ အတော်လေး အရသာရှိသွားလေသည်။ ပေါင်မုန့်အပေါ်ယံ မျက်နှာပြင်မာလေးသည် နူးညံ့ပြီး မွရွကာ အလွန်ရနံ့မွှေးလေသည်။ ယွီသာ့မုန် မနက်စာကို ပိုင်မုန့် ဆယ်ခုစားခဲ့တယ်!
ယွီသာ့မုန် အစားအစာအား လွန်စွာနှစ်သက်သည်ကို မြင်ပြီး ချောင်ယွမ် သူ့ကို ထပ်ပြီးပို၍ ကျွေးချင်မိလေသည်။
"ကျွန်တော် ခင်ဗျားအတွက် ကျောပိုးအိတ်ထဲမှာ ပိုင်မုန့်နဲ့ မုန့်ပေါင်းတချို့ ပြင်ဆင်ပေးထားတယ် ခင်ဗျားဗိုက်ဆာလာတဲ့အခါကျရင် မီးဖိုမှာ မုန့်နှစ်ဖက်စလုံးကို အပူပေးလိုက်ရုံပဲ ပြီးရင် အသင့်စားလို့ရပြီ"ယွီသာ့မုန် ခေါင်းညိတ်လိုက်ပြီး သူ့နှလုံးသားထဲတွင် အလွန်ပျော်ရွှင်နေလေသည်။ ယွမ်ကောအာသည် သူ့အပေါ်အလွန် ကောင်းပေးကတည်းက သူလည်း ယွမ်ကောအာအတွက် တစ်ခုခု လုပ်ပေးသင့်သည်ဟု တွေးနေခဲ့သည်။
လူအိုကြီးယွီနှင့် လင်ချွေ့ဖန်းတို့သည် တစ်ဦးနှင့်တစ်ဦး ကြည့်လိုက်ကြပြီး အလွန် စိတ်သက်သာရာရသွားကြသည်။ ယွမ်ကောအာသည် အခြေအနေကို နားလည်လက်ခံပြီး ယခု သူတို့၏ မိုက်မဲသော တတိယသားအား ဂရုစိုက်ပေးနေသည်ဟု သူတို့နှစ်ဦးစလုံး တွေးနေလေသည်။
(Etran မှာ second son လို့ ပြောထားပေမဲ့ ယွီသာ့မုန်ကို ပြောနေတာ ဖြစ်တဲ့အတွက် တတိယသားလို့ပဲ ကိုယ် tran လိုက်ပါတယ်နော်။)
BINABASA MO ANG
ပန်းပဲဆရာ၏ ခင်ပွန်းသည်အဖြစ် ကူးပြောင်းလာခြင်း
RomanceTitle : Transmigrated into a Blacksmith's Husband Author : 邀之 Type : Web novel Alternative names : 穿成铁匠夫郎 Total chapters : 60 chapters Status : Completed All credits go to original author and English translators.