အခန်း ၈-၁။ သူနာကျင်သွားရပြီ

1.3K 192 4
                                    

ရေတွင်းတူးခြင်းသည် ဤခေတ်တွင် မလွယ်ကူပေ။ ရေတွင်းပိုနက်လေလေ ရေတွင်းနံရံချောမွေ့စေရန် အုတ်ခဲများများခင်းဖို့ လိုအပ်လေလေဖြစ်သည်။ ထို့ကြောင့် ကုန်ကျစရိတ် ပိုလေ၏။ ရှန်ဟယ်တစ်ရွာလုံးတွင် ရေတွင်းနှစ်တွင်းသာရှိပြီး တစ်ခုမှာ ရွာ၏အရှေ့ဖျားတွင်ရှိ၍ ကျန်တစ်ခုမှာ ရွာ၏အနောက်ဖျားတွင် ရှိလေသည်။ ယွီမိသားစုသည် ရွာလယ်တွင် တည်ရှိသောကြောင့် သူတို့အတွက် ရေတွင်းနှစ်ခုလုံးမှ ရေသယ်ရန် အတော်လေး အဆင်မပြေပေ။ ထို့ကြောင့် ယွီသာ့မုန် အိမ်ပြန်ရောက်ကတည်းက ဤပင်ပန်းရသောတာဝန်ကို လုပ်ဆောင်ခဲ့လေသည်။

ထိုအချိန်၌ အပြင်တွင် လူများစွာတို့သည် အတင်းပြောကြလေသည်။ အဘယ်ကြောင့်ဆိုသော် ယွီမိသားစုသည် ကွာထဲတွင် တစ်ခုတည်းသော ပန်းပဲဆရာများဖြစ်ကြပြီး ယွီလောင်တသည် ပညာသင်ကျောင်းသားဖြစ်ကာ ရွာသားများသည် ယွီမိသားစုအား မျက်နှာလို မျက်နှာရလုပ်ကြသည်။ သူတို့ သူ့အားတွေ့သည့်အခါ မကူညီနိုင်သော်လည်း မေးကြသည်။
"သာ့မုန် ရေသယ်မလို့လား?"

ယွီသာ့မုန်သည် စကားလုံးများနှင့် ပတ်သက်လျှင် ကိုးရိုးကားရားနိုင်ပြီး အခြားသူများအား မည်ကဲ့သို့ တုံ့ပြန်ရမည်မှန်း မသိချေ။ အချိန်တိုင်းတွင် သူခေါင်းညိတ်သည် မဟုတ်လျှင် အင်း၊အဲ လုပ်သည်။

ယနေ့တွင် ယွီလောင်အာ့ သူ့အား စောင့်နေပုံပေါ်ပြီး အတိတ်မှ ဖြစ်ရပ်များကြောင့် ယွီသာ့မုန်ကို မြင်သောအခါ အနည်းငယ် မလွယ်ကူသလို ခံစားလိုက်ရသည်။
"တတိယညီလေး"

ယွီသာ့မုန် သူ့အား တစ်ယောက်ယောက်မှ ခေါ်သံကြားသောကြောင့် သူ့ထမ်းပိုးအား ချပြီး ကြည့်လိုက်ရာ ဒုတိယအစ်ကို ယွီလောင်အာ့ ဖြစ်နေလေသည်။ ထို့နောက် သူခေါ်လိုက်သည်။
"ဒုတိယအစ်ကို"

အမှန်တကယ်တော့ သူပထမဆုံး အိမ်ပြန်လာချိန်တွင် ယွီလောင်အာ့သည် သူ့အား ထမင်းစားဖိတ်ခဲ့လေသည်။ ခြောက်နှစ်ခန့် တစ်ဦးနှင့်တစ်ဦး မတွေ့ရသော်ငြားလည်း အမှန်တကယ်တော့ သူတို့သည် ညီအစ်ကိုများ ဖြစ်ကြဆဲပင်။ ယွီသာ့မုန် အလျင်အမြန်ပင် ယွီလောင်အာ့နှင့် တစ်ဖန်ရင်းနှီးလာခဲ့သည်။ သို့သော် သူ့အစ်ကိုအား တွေ့ရသည်မှာ ယခင်ကလောက် အဘယ်ကြောင့် ပုံမှန်မဟုတ်သည်ကို သူမသိခဲ့ချေ။

ပန်းပဲဆရာ၏ ခင်ပွန်းသည်အဖြစ် ကူးပြောင်းလာခြင်းजहाँ कहानियाँ रहती हैं। अभी खोजें