Ch-127

926 110 0
                                    

အပိုင်း(၁၂၇) - တခြားဘယ်သူဖြစ်ဦးမှာလဲ

ရှစ်ချင်းလျို့ကက သူ ခိုးဝင်လာတာကို တွေ့ခဲ့သည်။

သူမက လက်ကို ဝှေ့ယမ်းပြလိုက်သည်။ "ဒီကို လာပြောပါ။"

နို့သကြားလုံး လုပ်ပြီးသည့်အခါ ရှောင်မိသားစုရဲ့ အချိန်ပြည့်အလုပ်သမားတွေက အရင်ထွက်သွားခဲ့ကြသည်။

လျန့်ယိုရှောင်က ထိုနေရာတွင် ရှိနေသော်လည်း ရှစ်ချင်းလျို့က သံသယများ မဖြစ်အောင် သူ့ကို ခပ်ဝေးဝေးနေရန် မတောင်းဆိုခဲ့ပေ။

သူမ ခင်ပွန်းဖြစ်သူ၏ ဆန်ကုန်မြေလေးဖခင်က အလွန်ရွံရှာဖွယ်ကောင်းတာကြောင့် မြို့တော်ရှိ မင်းစိုးရာဇာမိသားစုများမှ သခင်ငယ်များက သိသင့်သည်။

ရှစ်မိသားစုရဲ့ တတိယသားက မြို့တော်မှ မျိုးရိုးမြင့် သခင်လေးလည်း ထိုနေရာတွင် ရှိနေသည်ကို မြင်လိုက်ရသောအခါတွင် သူက အစပိုင်းတွင် အံ့အားသင့်သွားကာ ထိုစကားကို ပြောသင့် မပြောင်သင့် စဉ်းစားမိခဲ့သေးသည်။

ရှစ်ချင်းလျို့က သူ့လက်ကို ဝှေ့ယမ်းပြတာကိုမြင်တော့ သူ ဝင်လာခဲ့လေသည်။

သူ ထိုင်ပြီးတာနှင့် ဒီတစ်ခါတော့ သူ့အတွက် သူမက ရေတစ်ခွက် ငှဲ့ပေးခဲ့သည်။

သူမက မေးခဲ့သည်။ "ဘာကပ်ဆိုက်တာလဲ။"

ရှစ်မိသားစုရဲ့ တတိယသားက လျန့်ယိုရှောင်ကို စိုက်ကြည့်လိုက်သည်။

ရှစ်ချင်းလျို့က ပြောခဲ့သည်။ "ဖုံးကွယ်စရာ  မလိုဘူး၊  သူ မရှိဘူးလို့ သဘောထားလိုက်။"

လျန့်ယိုရှောင်က ဆွံ့အသွားခဲ့သည်။ သူက ဒီလောက်ကြီးမားတဲ့လူဖြစ်တာကို ဘယ်လိုလုပ် မရှိသလို သဘောထားရမှာလဲ။

သို့သော် သူက ပျင်းရိလာပေမယ့် သူတို့ နှစ်ယောက်က ဆန်းဆန်းပြားပြား လုပ်နေတာကိုတွေ့တော့ သူ ထွက်မသွားခဲ့ပေ။

သူ ဘာတွေဖြစ်နေတာလဲဆိုတာ သူကြားချင်သည်။

ရှစ်မိသားစုရဲ့ တတိယသားက တွေးလိုက်သည်။ မျိုးရိုးမြင့် သခင်လေးက အဲနေရာမှာရပ်နေပြီး သူ့ကို စူးစူးစိုက်စိုက်ကြည့်နေတာကို သူ့ကို မရှိဘူးလို့ ဘယ်လိုသဘောထားရမှာလဲ။

ငါ့စေ့စပ်ပွဲ ဖျက်သိမ်းပြီးတဲ့နောက် ဩဇာကြီးမားတဲ့ ဝန်ကြီးရဲ့ ရတနာလေး ဖြစ်လာခဲ့တယ်Where stories live. Discover now