Part 12

471 69 1
                                    

ဒီနေ့မနက်စောစောဘဲ
မေမေနဲ့အတူ ကျောင်းမှာ ကျောင်းထွက်လက်မှတ်သွားယူခဲ့သည်။၀ဿန်တို့သွားသည့်အချိန်တွင်တီချယ်မရောက်သေးပါ။မေမေနဲ့အတန်းပိုင်ဆရာမ စကားပြောနေ‌တာကို ထိုင်စောင့်နေရသည်။ဒါပေမဲ့ ဘာတွေပြောနေကြမှန်းတော့ ၀ဿန်မသိပါ စိတ်က တီချယ့်ကိုနောက်ဆုံးအကြိမ်တွေ့ချင်နေမိသည်။

ကျောင်းဆောင်ထဲကို၀င်လာသော အဖြူအစိမ်းနဲ့
အမျိုးသမီး။သေချာပေါက် ၀ဿန်ချစ်ရတဲ့အမျိုးသမီးဘဲလေ။၀ဿန်လည်း အကွယ်လေးမှာပုန်းပြီး အပေါ်ထပ်တတ်သွားတဲ့ သူမကိုကြည့်နေမိသည်။

နောက်ဆုံးအကြိမ်တွေ့ခဲ့ရပြီ။တီချယ် ခေါ်ခွင့်ရတော့မှာမဟုတ်သလို့ တွေ့ရဖို့ကလည်းမသေချာတော့ဘူး။
အမြဲချစ်နေမှာပါ။၀ဿန်မရှိရင်ပျော်ရွှင်‌ေနမယ့်ဘ၀လေးကို မြင်ယောင်မိပြီး မျက်ရည်ဝဲလာမိသည်။
ဒါနောက်ဆုံးငိုခြင်းလို ကြွေးကြော်ချင်မိသည်။
နောက်ဆုံး..နောက်ဆုံးဘဲ ဖြစ်ချင်ပါတော့သည်။

______________

~~တပတ်ခန့်အကြာ~~

မောင်..။
ခေါ်ခွင့်မရှိတော့သလို မြင်တွေ့ခွင့်မရှိတဲ့သော
ကျွန်မရဲ့ ချစ်သူ။မတွေ့ရနိုင်တော့ဘူး။နယ်ဘက်ကိုပြောင်းသွားတယ်လို့တောင် သတင်းခက်ရဲ့ရဲ့ကြားနေရသည်။ကျောင်းရောက်လို့ သူမလေးကိုလည်းပြေးကြည့်နေမိသည်။ ရေဆက်မကုန်သေးရင်
ပြန်တွေ့နိုင်မယ်ထင်ပါသည်။

တပတ်သာကြာလာခဲ့သည်။၀ဿန်အဆင်မပြေသေး။
ရန်ကုန်ကရှိတဲ့အိမ်ကို မေမေကရောင်းပြီး ပဲခူးဘက်မှာ
အိမ်၀ယ်လိုက်သည်။ကျောင်းကလည်း အိမ်နဲ့နီးတော့အဆင်ပြေသည်။ဒါပေမဲ့ အရင်ကလို ကျောင်းသွားမပျော်တော့။

ဒေါင်~ဒေါင်

ကျောင်းဆင်းပြီဖြစ်၍ အိမ်သို့ပြန်လာခဲ့လိုက်သည်။
အိမ်က ကျောင်းရဲ့တစ်လမ်းကျော်မှာဖြစ်သည်။
လမ်းနည်းနည်းလျှောက်လိုက်ရင် လမ်းထိပ်ဆုံးအိမ်လေးက ၀ဿန်တို့အိမ်ပင်။ခြံ၀န်းကကျယ်သင့်သလောက်ကျယ်ပြီး ပန်းတွေနဲ့ပြည့်နေသည်။အခုလက်တလောတော့ ၀ဿန်ပန်းပင်တွေစိုက်ဖြစ်သည်။ ဒါကလည်းမေ့နိုင်မလားလို့ပေါ့။အိမ်ကလည်းကျယ်သည်။
ဘေးအိမ်နီးချင်းတွေကလည်း သားမိနှစ်ယောက်ထဲမို့ ဝိုင်း၀န်းကူညီပေးကြသည်။

"မေမေရေ..၀ဿန်ပြန်ရောက်ပြီ"

"ဪ..သမီး ကျောင်းမှာအဆင်ပြေရဲ့လား"

မေမေသည်ဟိုကိစ္စဖြစ်ပြီးထဲက အရာရာကိုပိုဂရုစိုက်လာခဲ့သည်။ အဲ့လိုထက်မဖြစ်အောင် သူမလည်းအစွမ်းကုန်ကြိုးစားနေသည်။မေမေ့မျက်နှာမညိုးဖို့သာအဓိကဖြစ်သည်။မေ့နိုင်အောင်မေ့ထားသည်။

"ပြေတယ်မေမေ..စာလည်းလိုက်နိုင်တယ်
ဟိုလေ မေမေ..‌ဒီအပတ်ကျောင်းပိတ်ရက်
နေခြည်တို့နဲ့ဘုရားကြီးဘက်သွားချင်လို့ ရလားဟင်"

စဉ်းစာသလိုလိုဟန်ဆောင်ပြီးမေမေက

"အွန်း..သွားလေးသမီး မုန့်ဖိုးရောရော ရှိသေးလား
ူအုန်းမလား"

"ဟီး..မေမေ ၂သောင်းလောက်"

"ဟုတ်ပါပြီရှင့်..ကျွန်မရှာထားတာတွေအကုန်လုံးက
ရှင်လေးအတွက်ပါဘဲနော် သွား ရေသောက်ပြီးရေချိုးတော့ ရေချိုးတာ မကြာစေနဲ့နော်"

လက်ညိုးနဲ့လက်မကိုအိုကေပုံစံဝိုင်းပြပြီး
အပေါ်ထပ်ရှိအခန်းငယ်လေးကိုတတ်လာခဲ့လိုက်သည်။
လွယ်အိတ်ကိုချပြီး ထိုင်ခုံမှာ ခနထိုင်နေလိုက်သည်။
အတွေးတွေအကုန်လုံးကတော့ သူမကအပိုင်ဆိုးထားသည်။စာရေးစာပွဲရဲ့ဘေးကိုအကြည့်ရောက်မိသွားသည်။ဖုန်တတ်နေသော ဂီတာတလက်။
မတီးဖြစ်တော့တာ ကြာပြီဘဲ ဒီရောက်ထဲကမတီးဖြစ်တော့ပါ။ညနေ့ကျူရှင်ပြန်လာမှ တီးမည်ဟုတွေးမိသည်။

အရင်လိုကော်ဖီတွေမသောက်ဖြစ်တော့ဘူး တီချယ်။
အရင်ကစကားနားမထောင်ဘဲ ကော်ဖီကိုအမြဲသောက်ခဲ့တဲ့ကျတော်က မသောက်ဖြစ်‌တာကြာပါပြီ။ ချစ်တယ်တီချယ်။ပြီးတော့ သိပ်လည်းလွမ်းမိသည်။ပြန်တွေ့ဖြစ်ခဲ့ရင် မသိချင်ယောင်ဆောင်နိုင်အောင်နေနိုင်ရမည်။

ဟိုစာဖတ်သူတွေကိုပြောချင်တာက ကျတော် တပတ်တခါupနိုင်အောင်ကြိုးစားပါ့မယ်ဗျ ဒီficလေးကိုရှဲပေးကြပါအုန်းဗျ အားဆေးလေးတွေနှိပ်ခဲ့ပေးပါအုန်းဗအားလုံး ဘိုင့်"

အဝေးကဘဲကြည့်၍ချစ်နေမည်တီချယ်(Ongoing)Where stories live. Discover now