Part 5

753 65 1
                                    

တီချယ့် ၀ဿန်ကိုစိတ်ဆိုးသွားတာလားမသိဘူး
သဇင်နဲ့စကားပြောတာမကြိုက်ဘူးထင်တယ်
‌နောက်ဆို သဇင်နဲ့စကားသိပ်မပြောတော့ဘူး
တီချယ်မကြိုက်တာဘာမှမလုပ်ဘူးဟု
၀ဿန်ဆုံးဖြတ်လိုက်သည်

ဒီအတောအတွင်း
တီချယ်နဲ့အများကြီးရင်နှီးခဲ့ပြီး
လိုင်းပေါ်မှာလဲအပြန်အလှန်စကားပြောသည်ထိ
ဖြစ်ခဲ့သည်

နောက်ပြီး ၀ဿန်မှာ အခင်ရဆုံးသူငယ်ချင်းတစ်ယောက်လဲရနေပါသည် သူမက၀ဿန်လိုဘဲ
ဆရာမတစ်ယောက်ကိုချစ်နေတာဖြစ်သည်
သူမနာမည်က ရှိုင်းခေတ်နှောင်းတဲ့ဗျ
၀ဿန်ကတော့နှောင်းဆိုပြီးသူမကိုခေါ်တယ်

နှောင်းကကာယဆရာမဖြစ်တဲ့ဒေါ်အဏ္ဏဝါမိုးကို
ချစ်နေတာ အဲ့ဆရာမနဲ့တီချယ်ကလဲတပူးပူးတတွဲတွဲဖြစ်သလို ၀ဿန်နဲ့နှောင်းမှာလဲ တပူးပူးတတွဲတွဲပင်

အခုတလော ၀ဿန်နှင့်နှောင်း တီချယ်တို့ကို‌လိုက်ဖြစ်ခဲ့သည် ဒါပေမဲ့ ကံဆိုးချင်တော့တီချယ်တို့က
၀ဿန်တို့ကိုတွေ့ပြီး ဘာလို့အိမ်တန်းမပြန်ဘဲ
အနောက်ကလိုက်နေတာလဲဆိုပြီး ဆူတယ်ဗျ

နောက်တော့viberမှာblockသွားရော
စိတ်ဆိုးပြေအောင်ဘယ်လိုလုပ်ရမပါ့မလဲဗျာ
၀ဿန်အကြံထုတ်နေရတော့သည်

အားဟုတ်ပြီး အခုကလပတ်စာမေးပွဲနီးနေပြီဆိုတော့ စာမေးပွဲမှာအမှတ်ကောင်းအောင်ဖြေနိုင်ရင်
စိတ်ဆိုးပြေလောက်မယ်ထင်တယ်

စာမေးပွဲပထမနေ့နဲ့ဒုတိယနေ့ကအေးဆေးကျော်ဖြတ်နိုင်ခဲ့ပါတယ် ဒါပေမဲ့နောက်ဆုံးရက်မှာ
၀ဿန်အခက်တွေ့ခဲ့ရတယ်

တီချယ်က၀ဿန်တို့စာဖြေတဲ့အခန်းရှေ့ကနေ ၀ဿန်ထိုင်နေရာကိုလှန်းလှန်းကြည့်နေတာ
၀ဿန်ရနေတဲ့စာတွေတောင်မေ့ကုန်တယ်

တီချယ်ရယ် အဲ့လိုမလုပ်ဘူးလေလို့ပြောလိုက်ချင်ပါဘီ့‌နော်

တော်သေးတာပေါ့ ဖြေနိုင်သွားလို့ဘဲမဟုတ်ရင်၀ဿန်ခွေးဖြစ်တော့မှာပင်

ဖြေဆိုပြီးတာနဲ့ ‌၀ဿန်လဲနှောင်းကိုစောင့်နေလိုက်သည်‌နှစ်ယောက်သားခုံနံပါတ်ကွာဟမှုကြောင့်
ဖြေဆိုရသည့်အခန်းမတူချေ

အဝေးကဘဲကြည့်၍ချစ်နေမည်တီချယ်(Ongoing)Where stories live. Discover now