Part 9

513 42 5
                                    

" ၀ဿန်မောင်..ခနလာပါအုန်းကွယ်"

ထမင်းစားချိန်ရောက်တော့မောင့်အတွက်ထည့်လာတဲ့
ထမင်းဘူးလေးကိုစားခိုင်းဖို့ရန် ခေတ်‌ရဲ့မောင့်ကိုခေါ်လိုက်တော့ ပြူးကြောင်ကြောင်လေးကြည့်နေပြန်တယ်
စာသင်ချိန်တွေလည်းကောင်းကောင်းမသင်နိုင်ဘူး
သူလေးရှိဘဲအကြည့်ကရောက်နေမိတယ် ခေတ်လည်းသတိထားမှပါပင် မဟုတ်လို့ကတော့ မောင်မကြာခင်သိသွားလိမ့်မယ်လေ

တီချယ်က၀ဿန်မောင်လို့ခေါ်လိုက်တော့လှိုက်တတ်လာတဲ့၀မ်းနည်းစိတ်တွေ ဟုတ်ပါတယ်လေ တီချယ်ချစ်တာကမောင်မှမဟုတ်ဘဲ ခေါ်တော့လည်းလာရတော့ပေါ့တီချယ်ရယ် မောင်ကတီချယ်စေရာပါဘဲ

"တီချယ် မောင့်ကိုဘာပြောမလိုလည်းဗျ"

"ဪ ကော်ဖီစေ့လေး လာတို့နဲ့လိုက်ခဲ့
ခုနက ၀ဿန်မောင်လို့ခေါ်လိုက်တာက ကျောင်းသားတွေရှေ့မို့ပါကွယ် ၀မ်းနည်းမနေနဲ့နော် ကော်ဖီစေ့လေး
၀မ်းနည်းနေရင် တီချယ်စိတ်ထဲနေလို့မကောင်းဘူးကွယ်"

မောင်၀မ်းနည်းနေတာကိုတီချယ်ကသိနေတာလား
‌မထင်ထားခဲ့ဘူး မောင်တကယ်ကိုမထင်ထားခဲ့တာပါ
တီချယ်ရယ်

"ဟုတ်ကဲ့ရပါတယ်ဗျာ မောင်ကအဆင်ပြေပါတယ်
တီချယ်ကလည်း တီချယ်သိလား မောင်လေတီချယ့်ကိုမြင်တိုင်း ဘာဖြစ်မှန်းမသိ ရင်ဘက်ထဲက နှလုံးသားလေးကခုန်ခုန်လာတယ်"

"ဟော်ရှင့်..ကျွန်မကရှင်လေးကိုဘာလုပ်လို့တုန်း
မသိရင် ကျွန်မကဘီလူးမကြီးကျနေတာပါဘဲကွယ်
ရှင်လေးပြောပုံက"

"အဲ့လိုသဘောမျိုးမဟုတ်ပါဘူးဗျာ ဒီ..ဒီတိုင်းပါ"

"အယ် ဘာလို့စကားတွေထစ်နေတာတုန်းကွယ်
တို့ ကော်ဖီစေ့လေးတွက် ထမင်းဘူးယူလာတယ်
အတူတူစားဖို့လေ ကော်ဖီစေ့လေးကအမြဲတမ်းနေ့လည်စာဆိုစားတာမတွေ့ဘူးလေ အားနေအဲ့ကော်ဖီတဗူးနဲ့
တီချယ်ပြောစကားကိုနားမထောင်ဘူး"

ထော်ပြီးပြောနေတဲ့ နှုတ်ခမ်းဖူးဖူးလေးက
မောင်ကိုနမ်းချင်စိတ်တွေဖြစ်ပေါ်စေတယ် တီချယ်ရယ်
စိတ်ဆိုး‌တာလေးကချစ်စရာလေးပါလား

အဝေးကဘဲကြည့်၍ချစ်နေမည်တီချယ်(Ongoing)Where stories live. Discover now