အပိုင်း ၄

18 4 0
                                    

မြနှင်းဆီသည် နိုင်ငံခြားမှဘွဲ့ယူကာပြန်လာပြီမို့ တိမ်လွှာဖြူ၏ဝန်အချို့မှာ လျော့နည်းသွားလေတော့သည်။

"သန့်ဂေဟာ" သို့ အုပ်ချုပ်ရန်နှင့် စိတ်ပိုင်းဆိုင်ရာ ကုသမှုလိုအပ်နေသော ကလေးငယ်များအား ကုစားပေး ရန်အတွက် တိမ်လွှာဖြူနှင့် မြနှင်းဆီမှာ အစီအစဉ်သစ်တစ်ခုရေးဆွဲကာ အကောင်အထည်ဖော်ရန်စီစဉ်လျက်ရှိပြီး မြနှင်းဆီမှာ "သန့်ဂေဟာ" ကို အုပ်ချုပ်ကာ တိမ်လွှာဖြူမှာတော့ "တိမ်လွှာနည်းပညာသင်တန်းကျောင်" အဆောင်သစ်များဆောက်လုပ်ခြင်းကို စီမံခန့်ခွဲလျက်ရှိသည်။

ယနေ့ညတွင်တော့ တိမ်လွှာအား ပင်လယ်ပြာက ညနေ၃နာရီခန့်ကပင် သွားစရာရှိသည်ဟုဆိုကာ လာရောက်ခေါ်ဆောင်သွားလေတော့သည်။

"မောင့်အချစ် သွားချင်ရဲ့လား"

"သွားတာပေါ့ ရှောင်မရမယ့်အတူတူ"

"အချစ်မလုပ်ချင်ရင် မဖြစ်ရပါဘူးကွာ"

"မဟုတ်ဘူး ဒါက တစ်ချိန်လည်းကြုံမှာပဲ စောတာနောက်ကျတာပဲကွာမှာ....ရှောင်နေရတာကို ပိုလို့သဘောမကျဘူး"

"ဟုတ်ပြီ အချစ်သဘော"

ဒီကနေ့ညတွင် စီးပွါးရေးအသိုင်းအဝိုင်း၏ ရာဇာဟုသတ်မှတ်ထားခြင်းခံထားရသူ ဦးမင်းမြတ်မဟာ၏ ဇနီးဖြစ်သူမွေးနေ့ဖြစ်ပြီး မွေးနေ့တွင်း ကျောက်မျက်ရတနာ ရံပုံငွေ လေလံပွဲပါကျင်းပမည်ဖြစ်သည်။ ဦးမင်းမြတ်မဟာမှာ စီးပွါးရေးလောကတွင် မျိုးရိုးစဉ်ဆက် ကြီးစိုးလာခဲ့တာဖြစ်ပြီ ဦးမင်းမြတ်မဟာမှ ကြီးမှူးသော ပွဲများသည် နိုင်ငံတွင်း A list စာရင်းဝင် စီးပွါးရေးလုပ်ငန်းများသာ ဖိတ်ကြားခြင်းခံရသည်။

Ocean Group မှာ ယခုနှစ်မှသာဖိတ်ကြားခြင်းခံရတာဖြစ်ပြီး ထိုပွဲသို့ အိမ်ထောင်ဖက်ပါတနာ၊ သို့မဟုတ် သားသမီးများသာခေါ်လာခွင့်ရှိပြီး တရားမဝင်သေးတော့ ပါတနာများ၊ သားသမီးများအား ခေါ်လာခွင့်မပြုပေ။ ထို့ကြောင့် ထိုပွဲသို့တက်ရောက်သောသူများမှာ စီးပွါးရေးလုပ်ငန်းရှင်မိသားစုတွင် တရားဝင်သော သူများဟုသတ်မှတ်နိုင်လေသည်။

You've reached the end of published parts.

⏰ Last updated: Apr 06 ⏰

Add this story to your Library to get notified about new parts!

ပင်လယ်ပြာရဲ့ တိမ်လွှာ-Sinking in the OceanWhere stories live. Discover now