အခန်း ၃

19 4 0
                                    

"ဒီနေရာမှာ လက်မှတ်ထိုပေးပါ မတိမ်လွှာဖြူ"

"ဟုတ်ကဲ့"

"ယခုဆိုလျှင် သန့်ဂေဟာကို မတိမ်လွှာဖြူထံသို့ တရားဝင်လွှဲပြောင်းပြီးစီးပါပြီ" ရှေ့နေကြီးက စာရွက်စာတမ်းများကို အပြီးသတ်နေသည်။

"အခုလို ကူညီပေးတဲ့အတွက် ညီမလေးဖြူကို ကျေးဇူးတင်ပါတယ်ရှင်"

"မဟုတ်တာ ဖြူကသာ ခုလိုလှူဒါန်းတဲ့အတွက် ကျေးဇူးတင်ရမှာပါ"

"ဒီလို နေရာတကျဖြစ်သွားတဲ့အတွက် ကိုသန့်လည်း တမလွန်ကနေ ဝမ်းမြောက်နေမှာပါ"

"ဖြူလည်း မျှော်လင့်ပါတယ် ကိုသန့်နဲ့တွေ့တဲ့နေ့ကို သတိရမိသေးတယ်... ကိုသန့်ရဲ့ ပရဟိတအပေါ် ကလေးတွေအပေါ်ထားတဲ့စေတနာက တကယ်လေးစားဖွယ်အတိပါ
ကိုသန့်နဲ့စတွေ့တတုန်းကတောင်ပေါ်ရွာလေးတစ်ခုမှာပေါ့"

တောင်ပေါ်ဒေသ၏ရွာလေးတစ်ခုဖြစ်သည်။ ဒေသရှိကလေးအများစုသည် အရေပြားရောဂါတစ်မျိုးကို ခံစားရလျက်ရှိသည်။ ရေရှားပါးခြင်းနှင့် သန့်ရှင်းရေးအခက်အခဲကြောင့်ဖြစ်သည်။

ထိုဒေသသို့ တိမ်လွှာသည် Non profit အဖွဲ့အစည်းတစ်ခုနှင့်အတူ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ၊ ဆေးဝါးနှင့် တောင်ကျများသိုလှောင်ရန် ရေကန်ဆောက်လုပ်လှူဒါန်းဖို့ရာ ရောက်လာခြင်းဖြစ်သည်။

တိမ်လွှာ၏ မူလပရဟိတလုပ်ငန်းများသည် ပညာရေးကိုဦးတည်လေ့ရှိသည်။ နည်းပညာများ ဝေမျှသင်ကြားခြင်းအား နိုင်ငံခြားအခြေစိုက် ပရဟိတအဖွဲ့အစည်းတစ်ခု၏ လက်အောက်မှနေ၍ လုပ်ဆောင်ရခြင်း ဖြစ်သည်။

စာသင်ကျောင်းများ၊ မိဘမဲ့ကျောင်းများနှင့် ရပ်ရွာအကျိုးပြုအဖွဲ့အစည်းများသို့ နည်းပညာဝေမျှခြင်းမှစကာ အဆင့်မြင့်တက္ကသိုလ်များတွင် lecture ပေးခြင်းအထိ ပါဝင်သည်။

ယခုလည်း ရပ်ရွာအကျိုူပြု အဖွဲ့အစည်းတစ်ခုသို့ နည်းပညာဝေမျှခြင်း လုပ်ဆောင်ရင်းဖြင့် မဖွံ့ဖြိုးသေးသောဒေသရှိရပ်ရွာများတွင် သန့်ရှင်းရေးနှင့် ကျန်းမာရေးအသိများဝေမျှလေ့ရှိသော Non profit အဖွဲ့နှင့် ဆုံမိ၍ ဤတောင်ပေါ်ဒေသသို့ ပါလာခြင်းဖြစ်သည်။

ပင်လယ်ပြာရဲ့ တိမ်လွှာ-Sinking in the OceanWhere stories live. Discover now