အခုထိတော့သတိမရလာသေးပါ။

ဒေါ်ဝေဝေဦးသမီးဖြစ်သူလက်ကိုကိုင်ရင်းကျလုကျငင်မျက်ရည်များအားလက်ညှိုးနဲ့အသာသုတ်လိုက်သည်။
ဘယ်လိုပဲတေးကဖွဲ့ကိုအနိုင်ယူခဲ့ပါစေ နောက်ဆုံးတော့ဒီလိုပုံစံနဲ့ပဲသူဖွဲ့ကိုချစ်ကြောင်းသက်သေပြသွားတာပါပဲ။

''မေမေ''

ဒေါ်ဝေဝေဦး ဖွဲ့အားလှည့်ကြည့်ကာ

''ပြောလေသမီး''

''မေမေအိမ်ပြန်ပြီးနားလိုက်ပါ ဖွဲ့ပဲစောင့်လိုက်မယ်''

''ရပါတယ်သမီးရယ် သမီးသာအိမ်ပြန်လိုက်ပါ သမီးယောကျ်ားကသမီးကိုမျှော်နေလိမ့်မယ်''

''ဖွဲ့ဆေးရုံမှာအိပ်မှာလို့ကိုကြီးကိုပြောပြီးပြီ''

သားအမိနှစ်ယောက်ဘာစကားမှမပြောမိပဲတေးမျက်နှာကိုသာစိုက်ကြည့်နေလိုက်ကြသည်။
​တေးမြန်မြန်သတိပြန်ရလာပါတော့။

🍏🍏🍏

သွေးတစ်​ယောက်တေးရဲ့လက်ကိုဆုပ်ကိုင်ရင်း

''တေးမြန်မြန်ပြန်နိုးလာပါတော့ တေးသတိမေ့နေတာနှစ်ရက်ရှိနေပြီ''

ဖွဲ့ထိုလူ့အားစူးစမ်းသလိုကြည့်ကာ

''ရှင်က ဘယ်သူ''

''တေးကိုချစ်နေတဲ့သူပါဗျာ''

''ဪ ကျွန်မတို့တွေ့ဖူးကြလားလို့''

''ကျွန်တော့်အစ်ကိုရဲ့ဟိုတယ်ဖွင့်ပွဲမှာတွေ့ဖူးပါတယ်''

''ဪ သိပြီ''

ဖွဲ့သူ့ကိုသေချာကြည့်လိုက်တော့သူ့မျက်ဝန်းမှာမျက်ရည်တွေလဲ့နေသလားမသိ။
သူ့ပုံစံကြည့်ရတာတေးအတွက်အရမ်းခံစားနေရပုံပဲ။
ကြည့်ရတာတော့တေးလည်းတစ်စုံတစ်ဦးရဲ့အချစ်ခံရတော့မည်ထင်သည်။

_____________

တေးသတိ​ပြန်ရရလာချင်းမြင်လိုက်ရတာကဖွဲ့ကို။

''ဖွဲ့''

ဖွဲ့ တေးဘေးနားမှာခေါင်းမှောက်ကာအိပ်ပျော်နေတုန်းတေးရဲ့အသံကြောင့်သူမမျက်လုံးကိုကပျာကယာဖွင့်ကြည့်သည်။

''ဟင် တေး နင်သတိရလာပြီ နင်ဘယ်နားနာနေသေးလဲ ငါနင့်ကိုအရမ်းစိတ်ပူနေခဲ့ရတာ''

You've reached the end of published parts.

⏰ Last updated: Mar 30 ⏰

Add this story to your Library to get notified about new parts!

တစ်ဦးတည်းသောသတို့သမီး[completed]Where stories live. Discover now