Unicode
ခြေဗလာနဲ့ပြေးလွှားနေတဲ့မိန်းကလေးတစ်ယောက်။
သူမကတေးရဲ့ကားရှေ့ဖြတ်ပြေးလာ၍တေးမှာအမြန်ဘရိတ်အုပ်လိုက်ရပြီးတစ်ဖက်မိန်းကလေးကလည်းလမ်းမပေါ်ခွေခနဲလဲကျသွား၏။
တေးသာအမြန်ဘရိတ်မအုပ်နိုင်ရင်တို.က်မိမှာသေချာသည်။တေးစိတ်တိုစွာနဲ့ကားပေါ်ကဆင်းလာပြီးထိုမိန်းကလေးအားအပေါ်စီးကနေငုံ့ကြည့်ရင်း
''ဟဲ့ ကားတစ်စီးလုံးလာတာနင်မမြင်ဘူးလား နင့်မျက်လုံးကန်းနေလား ငါ့ကားနဲ့တို.က်မိလို့နင်ေ.သသွားရင်အကြောင်းမဟုတ်ဘူး ငါ့ကိုအလကားနေရင်းအမှုလာပတ်နေမယ်ဟဲ့''
သူမကတေးရဲ့ဆူပူမာန်မဲမှုကိုဂရုမစိုက်ပဲတေးရဲ့ခြေသလုံးကိုဖက်ကာ
''မမ ငွေဇင့်ကိုကယ်ပါဦး ငွေဇင်အရမ်းကြောက်တယ်''
''နင်ဘာလုပ်တာလဲ လွှတ်''
တေးခါထုတ်ပေမယ့်သူမကမြဲမြံစွာဖက်တွယ်ထားဆဲပင်။
''ငွေဇင့်ကိုကယ်ပါနော် ငွေဇင်မမကျေးဇူးကိုလုံးဝမမေ့ပါဘူးမမရယ်''
တေးထိုမိန်းကလေးအားသေချာကြည့်လိုက်သည်။
ကျောလယ်လောက်ရှိကာနက်မှောင်နေသောဆံနွယ်တွေကိုအခွေအလိပ်လေးတွေကောက်ထားပြီးပေါင်တစ်ဝက်သာရှိသောအနီရောင်body fitလက်တစ်လုံးလေးနဲ့သူမကရုပ်ရည်ရောအသားအရည်ရောခန္ဓာကိုယ်ရောလှတဲ့ထဲပါ၏။''ထ''
သူမကတေးအားမျက်ရည်တွေနဲ့မော့ကြည့်လာလေသည်။
''မလိုက်ဘူးလား''
သူမကဝမ်းသားအားရနဲ့
''လိုက်မယ် အဟင့် လိုက်မယ်''
''တက်ကားပေါ်''
တေးပြောပြီးကားပေါ်ပြန်တက်လိုက်တော့ငွေဇင်ဆိုသောသူမကလည်းတစ်ဖက်ထိုင်ခုံမှာဝင်ထိုင်လာလေသည်။
ပြီးတာနဲ့တေးလည်းထိုနေရာမှမောင်းထွက်လာခဲ့လိုက်၏။___________
တည်းခိုခန်းရဲ့အခန်းတစ်ခုတွင်...
''ငွေဇင့်နာမည်ငွေဇင်ပါပဲ ငွေဇင်ကအဖေမရှိတော့ပါဘူး အမေကနောက်အိမ်ထောင်နဲ့ အမေရောပထွေးရောကလောင်းကစားအရမ်းလုပ်တယ် ပြီးတော့ ပထွေးကအရက်လည်းအရမ်းသောက်တယ် အခုအမေနဲ့ပထွေးကငွေဇင့်ကိုပြည့်တန်ဆာအိမ်မှာရောင်းစားခဲ့တာပါ''
VOUS LISEZ
တစ်ဦးတည်းသောသတို့သမီး[completed]
Roman d'amourလူကြီးချင်းသဘောတူတာကအမြွှာညီအစ်မထဲကအကြီးမနဲ့ပေမယ့် အငယ်မလေးကိုမြင်မြင်ချင်းချစ်မိပြီးအရယူလိုက်တဲ့ကိုကြီး