''ဪ''

မှိုင်း ဇီးရွက်လောက်သာရှိတော့သောဖွဲ့မျက်နှာလေးကိုကြည့်ပြီးပါးလေးကိုကိုင်ကာ

''ငွေဇင်ကခုချိန်ထိတေးကခိုင်းတာလို့ပြောနေတုန်းပဲ''

''ကိုကြီး''

''ကလေးငယ်ကိုယ်ဝန်ပျက်ကျအောင်လုပ်ခိုင်းတာလဲသူပဲ ရေကူးကန်ထဲတွန်းချကာ ခေါင်းအုံးနဲ့ဖိတာ ပန်းအိုးကိုခေါင်းပေါ်ပစ်ချကာ အခုကိုကြီးမေမေကိုလှေကားပေါ်ကတွန်းချတာ အကုန်လုံးကိုတေးဖွဲ့သီကခိုင်းတာတဲ့''

''ဟင့်အင်း မဖြစ်နိုင်ပါဘူးကိုကြီးရယ် တေးကအဲလောက်မရက်စက်နိုင်ပါဘူး''

မှိုင်းသက်ပြင်းဖွဖွချလိုက်ပြီး

''ကိုကြီးနှစ်ယောက်လုံးကိုတရားစွဲမှာ''

''ဟင်!''

ပြောပြီးမှိုင်းမတ်တပ်ထရပ်လိုက်တော့ဖွဲ့ကသူ့လက်ကိုဆွဲကာ

''ကိုကြီး တေးကိုလွှတ်ပေးလို့မရဘူးလား ငွေဇင်ကလိမ်ပြောနေတာလည်းဖြစ်နိုင်ပါတယ် တေးကအဲလောက်ထိယုတ်မာမယ့်သူမဟုတ်ပါဘူး ပြီးတော့နစ်နာခဲ့တာဖွဲ့ပဲလေ ဖွဲ့ခွင့်လွှတ်တယ်''

''ဒါပေမယ့်ကိုကြီးကတော့မေမေ့အတွက်ခွင့်မလွှ​တ်ဘူးလေ ငွေဇင်လိမ်ပြောတာဟုတ်မဟုတ်ကစစ်ဆေးလိုက်ရင်သိမှာပဲ ကိုကြီးကတော့ဆုံးဖြတ်ချက်ကိုမပြင်နိုင်ဘူး''

သူပြောပြီးဖွဲ့လက်ကိုဖြုတ်ချကာအိမ်ပေါ်သို့တက်လာခဲ့လိုက်၏။
ဖွဲ့အတွက်စိတ်မကောင်းပေမယ့်သူဒီကိစ္စကိုဒီအတိုင်းကျော်မသွားနိုင်ဘူး။

🍏🍏🍏

ကိုကြီးကသူပြောထားတဲ့အတိုင်း တေးကိုပါတရားစွဲဆိုခဲ့တာပင်။
အန်တီကလည်းအခုထိသတိမရသေးသလိုကိုကြီးနဲ့ဖွဲ့ကြားထဲမှာလည်းတစ်ခုခုကာစီးထားသလိုခံစားနေရပြီးနှစ်ယောက်သားရဲ့ဆက်ဆံရေးကအေးစက်နေလေ၏။

တေးကလည်းသူမလုပ်ပါဘူးငြင်းနေပြီးငွေဇင်ကလည်း​တေးကခိုင်းတာလို့ပဲတစ်ထစ်ချစွပ်စွဲနေတုန်း။

''ငွေဇင့်ကိုနင့်တို့အိမ်ကိုငါအကြံနဲ့ပို့ခဲ့တာမှန်တယ် မင်းညိုမှိုင်းကိုမကျေနပ်လို့ မုန်းလို့ ငွေဇင့်ကိုသူမြှူဆွယ်ပြီးနင်တို့အိမ်ထောင်ရေးအဆင်မပြေအောင် ကတောက်ကဆဖြစ်အောင်ငါလုပ်ခိုင်းခဲ့တာ ဒါပေမယ့်နင့်ကိုထိခိုက်ဖို့ အသက်ကိုရန်ရှာဖို့ ငါဘာတစ်ခုမှမခိုင်းခဲ့ဘူး အဲဒါသူ့သဘောနဲ့သူလုပ်တာ''

တစ်ဦးတည်းသောသတို့သမီး[completed]Where stories live. Discover now