''ဟဲ့ ဘာဖြစ်လာတာလဲ''

''ဟို အစ်ကိုလေးကဆူလိုက်လို့ပါ''

''ဘာဖြစ်လို့ဆူတာလဲ''

''မမလေးနေမကောင်းတာကိုဆေးလည်းမတိုက်ဘာမှလည်းမကျွေးလို့တဲ့ ငွေဇင်ကကျွေးပါတယ် မမလေးကမစားဘူးဆိုပြီးပန်းကန်တွေခွက်တွေအကုန်လွှင့်ပစ်တာ ဒါပေမယ့်အစ်ကိုလေးရှေ့ကျငွေဇင်တို့အပြစ်ဖြစ်အောင်ပြောတယ်''

''ဟင်!''

ဒေါ်ခင်သက်ထားဘာမှပြန်မပြောလိုက်မိ။ဖွဲ့ကအဲလိုကလေးမှမဟုတ်ပဲ။

''ကဲကဲ သွားတော့ ဪ ခွာညို့ကိုငါ့ဆီလွှတ်လိုက်ဦး ခိုင်းစရာရှိလို့''

''ဟုတ်''

ဒေါ်ခင်သက်ထားနဲ့ကွယ်တာနဲ့ငွေဇင်ပြုံးလိုက်၏။

___________

''ဒေါက် ဒေါက်''

''ဝင်ခဲ့''

မေမေကြီးခွင့်ပြုလိုက်တာနဲ့ခွာညိုအခန်းထဲဝင်ခဲ့လိုက်၏။

''မေမေကြီးခွာညို့ကိုခေါ်တယ်ဆို''

''အေး ငါမေးစရာရှိတယ်''

''ဟုတ်မေမေကြီး''

''ဖွဲ့နေမကောင်းဘူးဆို''

''ဟုတ်တယ်မေမေကြီး ကိုယ်တွေအရမ်းပူပြီးနေမကောင်းဖြစ်နေတာ''

''နင်တို့အဲဒါကိုဆေးမတိုက်ဘူးလား''

''တိုက်ပါတယ်မေမေကြီး ဒါပေမယ့်မမလေးကဆေးမသောက်ရဲဘူး အရမ်းခါးတယ်ဆိုပြီးအတင်းငြင်းလို့''

''နင်တို့အစားကျွေးလည်းမစားဘူးဆို''

''ဟုတ်တယ်မေမေကြီး ပါးစပ်ပျက်နေလို့ဘာမှမစားချင်ဘူးတဲ့''

''ဒါပဲလား ငါကြားထားတာတစ်မျိုးပါ''

''ရှင် ဘာကို''

''သူကပန်းကန်တွေပစ်ပေါက်ခွဲတယ်ဆို သားရှေ့မှာနင်တို့အပြစ်ဖြစ်အောင်ပြောတယ်ဆို''

''ဟင် မဟုတ်ပါဘူးမေမေကြီးရဲ့ မေမေကြီးကိုဘယ်သူပြောတာလဲ မမလေးကအဲလိုရမ်းကားတတ်တဲ့သူမှမဟုတ်တာ အစ်ကိုလေးကခွာညိုတို့ကိုဆူတော့လည်းမမလေးကကာကွယ်ပြီးပြောပေးသေးတယ် မေမေကြီးကိုအဲဒါဘယ်သူပြောတာလဲ''

တစ်ဦးတည်းသောသတို့သမီး[completed]Место, где живут истории. Откройте их для себя