''ခံစားရလား''

''နှလုံးကလူတိုင်းခုန်တာပဲဟာ''

''ဒါပေမယ့်ကိုကြီးနှလုံးခုန်နှုန်းကသာမာန်ထက်ပိုပြီးမြန်နေတယ်မို့လား''

သူနဲ့ဖွဲ့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်းနှုတ်ဆိတ်သွားကြသည်။
နေရင်းထိုင်ရင်းနဲ့ဖွဲ့မှာလည်းအပူတွေတက်လာသလိုခံစားရကာသူမလက်ကိုပြန်ဆွဲယူပြီးကိုကြီးဆီမှာမျက်နှာလွှဲလိုက်၏။

မှိုင်းသူမပုံစံလေးကိုကြည့်ကာပြုံးလိုက်ရင်းသူမရှေ့ခြေဖျားထောက်ထိုင်ချကာလှေကားခြေရင်းကမနိမ့်မမြင့်အနက်ရောင်ဒေါက်ဖိနပ်လေးအားယူပြီးသူမခြေထောက်လေးတစ်ဖက်ကိုသွားကိုင်တော့ဖွဲ့က

''ဘာလုပ်မလို့လဲကိုကြီး''

''ဖိနပ်စီးပေးမလို့လေ''

''ကိုယ့်ဘာသာစီးပါမယ် ဖွဲ့ငရဲကြီးမှာကြောက်တယ်''

မှိုင်းကဂရုမစိုက်ပဲသူမခြေထောက်ကအိမ်နေရင်းစီးမွှေးပွဖိနပ်လေးအားဆွဲချွတ်ကာဒေါက်ဖိနပ်လေးအားအစားထိုးစီးပေးလိုက်သည်။

''ကိုကြီးဘဝမှာဖိနပ်စီး​ပေးဖူးတဲ့အမျိုးသမီးကမေမေပြီးရင်ကလေးငယ်ပဲ''

''ဖွဲ့ပြီးရင်ရော''

ကလေးဆန်စွာမေးလာသောသူမမေးခွန်းကြောင့်မှိုင်းပြုံးလိုက်မိပြီးမတ်တပ်ထရပ်ကာသူမပါးလေးကိုနမ်း၍

''ကလေးငယ်ပြီးရင်ပြီးပြီပေါ့ တစ်ခြားဘယ်သူရှိရဦးမှာလဲ''

''တစ်ကယ်လား''

''ကလေးငယ်ကကိုကြီးပထမဆုံးနဲ့နောက်ဆုံးချစ်ရတဲ့မိန်းကလေးပဲ ကလေးငယ်နဲ့တွေ့ဆုံပြီးနောက်ပိုင်းဘယ်မိန်းမကိုမှမျက်လုံးထဲမမြင်တော့ဘူး''

ဖွဲ့စိတ်ထဲကျေနပ်သလိုတော့ဖြစ်မိသား။

''ကဲပါ သွားရအောင် နောက်ကျနေလိမ့်မယ်''

ပြောပြီးကိုကြီးကသူမလက်ကိုဆုပ်ကိုင်ကာတွဲ၍အိမ်ထဲမှထွက်လာခဲ့လိုက်လေသည်။

🍏🍏🍏

သူတို့ဟိုတယ်ဖွင့်ပွဲကိုရောက်တော့ညနေလေးနာရီပင်။
ဖွဲ့ကသူ့လက်ကိုချိတ်ပြီးအတူပွဲတက်ရတဲ့အခိုက်အတန့်ကအတော်လေးကျေနပ်ဖို့ကောင်းသည်။

တစ်ဦးတည်းသောသတို့သမီး[completed]Where stories live. Discover now