ဖွဲ့စကားမဆုံးခင်ကိုကြီးကသူမလက်ကိုဆွဲကာသူ့ပေါင်ပေါ်ထိုင်စေလိုက်တာကြောင့်ရုတ်တရက်မို့ဖွဲ့အလန့်တကြားဖြစ်သွားရသည်။

ကိုကြီးကသူမအားခပ်တင်းတင်းသိုင်းဖက်ထားရင်းသူ့ကိုတစ်ချက်လေးမှမကြည့်သောဖွဲ့မျက်နှာကိုအတင်းလိုက်ကြည့်ပြီး

''ကိုကြီးကိုကြည့်ပါဦး''

ဖွဲ့ကမကြည့််။

''ကလေးငယ်''

သူမကမဖြုံ။

သူပါးကိုဖျက်ခနဲလှမ်းနမ်းမှသူမသူ့ကိုလှည့်ကြည့်ပြီး

''ဘာလုပ်တာလဲ ထမင်းစားခန်းကြီးထဲမှာ ဖေဖေတို့မြင်သွားလိမ့်မယ်''

''မြင်ပါစေပေါ့ ကလေးငယ်ကမှကိုကြီးကိုဂရုမစိုက်တာ''

''ဂရုမစိုက်တာမဟုတ်ပါဘူး''

''ဘာလဲ မနေ့ကကိစ္စကိုရှက်လို့လား''

သူပြောလိုက်မှဖွဲ့ကတစ်ခုခုကိုတွေးမိဟန်နဲ့နားဖျားလေးတွေနီရဲပြီးမျက်လွှာချသွားလေသည်။

အမှန်လည်းဖွဲ့ထိုကိစ္စအားပြန်တွေးရင်းတွေးရင်းနဲ့ပိုပိုပြီးရှက်လာတာပင်။

''ကလေးငယ်ကလည်း ဒါကလင်မယားသဘာဝပဲလေ ရှက်စရာမှမဟုတ်တာ''

ဖွဲ့ကတုံတိဘာဝေနဲ့ဘာမှပြန်မပြော။

''ကိုကြီးပြောတာကြားရဲ့လား''

''အင်း''

ကိုကြီးကသူမနားနားကပ်ကာ

''ခုနကခွာညိုမေးတုန်းက ညစာကိုထမင်းထက်ကောင်းတာစားနေတာလို့ဖြေလိုက်ရမှာ''

ဖွဲ့မျက်လုံးလေးစုံမှိတ်ကာ

''ကိုကြီး!''

ဟုဆောင့်ဆောင့်အောင့်အောင့်အော်တော့ကိုကြီးကရယ်သည်။

မှိုင်း အောက်နှုတ်ခမ်းလေးကိုက်တာသူ့အားမကျေမချမ်းကြည့်နေသောဖွဲ့ပါးလေးကိုဆွဲ၍

''ကလေးငယ်ကလည်းစိတ်ဆိုးတတ်သားပဲ''

''လူပဲ စိတ်ဆိုးတတ်တာပေါ့ ကိုကြီးကစိတ်ဆိုးအောင်လုပ်နေတာကို ဖယ် လွှတ်တော့ အသက်ရှူကြပ်လာပြီ''

တစ်ဦးတည်းသောသတို့သမီး[completed]Where stories live. Discover now