___________________

''လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာစက်ပိတ်ထားပါတယ်ရှင်''

ဘယ်နှစ်ခါခေါ်ခေါ်ဖွဲ့ရဲ့ဖုန်းကစက်ပိတ်ထားဆဲဖြစ်၍မှိုင်းတစ်ယောက်ဒေါကန်နေပါပြီ။

''မင်းကတော့ကိုယ့်စိတ်ကိုလာဆွနေပြီပဲ ကိုယ့်အကြောင်းမင်းမသိသေးဘူးကလေးငယ် ကိုယ်နောက်ဆုံးလက်နက်ကိုထုတ်သုံးရလိမ့်မယ် မင်းကိုယ့်ကိုအပြစ်မတင်နဲ့တော့''

မနက်ဖြန်သူနဲ့တေးဖွဲ့သီရဲ့စေ့စပ်ပွဲ။ဒါပေမယ့်ခုချိန်ထိသူ့ခေါင်းထဲပြည့်နေတာကသူ့ကလေးငယ်ရဲ့အကြောင်းတွေချည်းပဲ။

မနက်ဖြန်ကသူနဲ့တေးဖွဲ့သီရဲ့စေ့စပ်ပွဲမဟုတ်ပဲသူနဲ့သူ့ကလေးငယ်ပေါင်းဖက်ရမယ့်နေ့သာဖြစ်လာလိမ့်မည်။

🍏🍏🍏

ခရမ်းရောင်မြန်မာဝတ်စုံ​လေးနဲ့အလှကြီးလှနေသောတေး။

သူမခရမ်းရောင်မကြိုက်ပေမယ့်မှိုင်းကခရမ်းရောင်ကြိုက်တာဆို၍သူမလည်းသူ့သဘောကျပြင်ဆင်ရမည်လေ။

အမြဲတမ်းကိုယ့်စိတ်နဲ့ကိုယ့်ကိုယ်နေခဲ့ပြီးသူများတွေသဘောကျလားမကျလားဂရုမစိုက်ခဲ့တဲ့သူမက အခုမှိုင်းသဘောကျနေပေးချင်နေသည်။

မှန်ထဲကကိုယ့်မျက်နှာကိုမှန်ထဲကြည့်ပြီးတေးတစ်ယောက်ကျေနပ်စွာအလှဆုံးပြုံးလိုက်၏။

တစ်ဖက်မှာလည်းဖွဲ့တစ်ယောက်မီးဖိုခန်းထဲမှာငူငူငိုင်ငိုင်ကြီးထိုင်နေမိသည်။
သူမအပြင်လည်းမထွက်ရဲ။

''ဒီနေ့ကြီးကိုကျော်လို့ရရင်ကောင်းမှာပဲ''

ထိုစဥျ

''ဖွဲ့''

''ဟင်''

အသံကြားတာနဲ့ကိုကြီးမှန်းသိလိုက်တာမို့ဖွဲ့ချက်ချင်းထိုင်ရာကထကာသူနဲ့ခပ်ဝေးဝေးမှာသွားရပ်လိုက်၏။
ဒီလိုနေ့မျိုးမှာတောင်ကိုကြီးတစ်ယောက်ရှပ်အင်္ကျီနဲ့ဘောင်းဘီကိုသာတွဲဖက်ဝတ်ဆင်ထားတုန်း။
စေ့စပ်ပွဲနေ့ကြီးမှာတောင်ဖြစ်ကတက်ဆန်းဝတ်စားဆင်ယင်ထားသောကိုကြီးကိုကြည့်ကာဖွဲ့အတော်လေးစိတ်ပျက်မိသည်။

တစ်ဦးတည်းသောသတို့သမီး[completed]Where stories live. Discover now