''ဒါပဲလား''

''ပြီးတော့ ရှင်ဘာအရောင်ကြိုက်တာလဲ ကျွန်မဝတ်စုံစီစဥ်ရမှာ''

သူ့အတွေးထဲဖွဲ့နဲ့စဆုံတုန်းကအချိန်ကိုပြန်မြင်ယောင်လာပြီးခပ်ရေးရေးပြုံးလိုက်ကာ

''ခရမ်း''

''ခရမ်း ကျွန်မအမုန်းဆုံးအရောင်ကခရမ်းရောင်ပဲ''

''အဲဒါမင်းအပိုင်းလေ''

ထိုစဥ်ဖွဲ့ကပိန်ကပ်နေသောကြောင်လေးတစ်ကောင်ပိုက်ပြီးအိမ်ထဲဝင်လာ၍ တေးက

''ဟဲ့ အဲ့ကြောင်ကဘယ်ကရတာလဲ''

မှိုင်းလှည့်ကြည့်လိုက်တော့သူ့က​လေးငယ်ကဆံပင်လေးနှစ်ဖက်ကိုခွဲစည်းပြီးသနပ်ခါးလေးကလိမ်းထားသေးတာ။
သူ့မျက်လုံးထဲသူမအပြုအမူလေးတိုင်းကိုကချစ်ဖို့ကောင်းလွန်းနေတာ။

''ခြံထဲဝင်လာလို့''

''သွားပြန်လွှင့်ပစ် ရှုပ်ရှုပ်ယှက်ယှက်တွေ''

''မလုပ်ပါနဲ့နင်ကလည်း သနားပါတယ် သူဗိုက်ဆာနေရှာမှာ''

''နင့်ကိုငါသွားပစ်လို့ပြောနေတယ်နော် လူကသုံးစားမရဘူးဆိုလည်းအေးအေးဆေးဆေးမနေဘူး တော်တော်အရှုပ်ကြိုက်တဲ့ဟာမ''

မှိုင်း တေးဖွဲ့သီအားမျက်ထောက်နီကြီးနဲ့လှမ်းကြည့်လိုက်သည်။
ပညာတတ်ပြီးပါးစပ်ကအဆင့်မရှိပါသောဒီမိန်းမအားသူ့မိဘတွေကဘာကြည့်ပြီးသဘောကျနေမှန်းမသိ။

''ကြောင်လေးတစ်ကောင်ခေါ်မွေးထားရုံနဲ့ဘာဖြစ်သွားမှာမို့လို့လဲ ကိုယ့်ညီမကိုအဲလိုပဲပြောရလား''

သူဝင်ပြောတော့တေးက

''ကျွန်မညီမကိုကျွန်မဆုံးမနေတာ ရှင်ဝင်မပါနဲ့မှိုင်း''

''အမြင်မတော်လို့ပြောနေရတာ မင်းပြောလိုက်သမျှစကားတိုင်းကအမြဲကန့်လန့်ချည်းပဲ မင်းတစ်ကိုယ်လုံးမှာငါ့ဇနီးဖြစ်ဖို့ထိုက်တန်တာငါဘာမှမတွေ့ဘူး ဒါလားပညာတတ် ဘာအသိတရားမှမရှိဘူး''

''ဘာ! ဘာပြောတယ်''

ဖွဲ့လည်းသူမကြောင့်တေးနဲ့ကိုကြီးစကားများနေရ၍

''တော်ကြပါတော့ ဖွဲ့ကြောင့်ရန်မဖြစ်ကြပါနဲ့နော် တေး ငါတောင်းပန်ပါတယ် ငါပြန်သွားလွှတ်လိုက်မယ်နော် စိတ်လျှော့ပါတော့''

တစ်ဦးတည်းသောသတို့သမီး[completed]Where stories live. Discover now