'' အင်းပါ,,, ငါက မင်း ပင်ပန်းနေတာကို မကြည့်ရက်လို့ပါ,,, အခုပဲ ကြည့်လေ, ,, ရှုတင်က အားတာနဲ့ ငါ့ ဆီချက်ချင်း ရောက်လာပြီး လာပြနေရတော့ မင်း ပင်ပန်းလို့ပါ,,,''

ကျွန်တော် စကားကို ဆက်မပြောပဲ ခဏရပ်ကာ အသက်ကို တစ်ချက်ရှုလိုက်သည်,,,Minnie ကတော့ ကျွန်တော့် ကိုသာ စိုက်ကြည့်နေသည်,,, ကျွန်တော် စူးစိုက်ကြည့်နေသည့် Minnie မျက်ဝန်းများကို ကြည့်ကာ,,,

'' ငါ့အတွက် ဒါတွေက ပကာသနတွေပါ,,, ငါတို့ အတူတူနေရမယ်ဆိုတာနဲ့ အရာရာပြည့်စုံနေပါပြီ,,,''

ကျွန်တော့် စကားအဆုံး Minnie က ကျွန်တော့် လက်ကို ဆွဲယူကာ ကျွန်တော့် ကိုယ်ကို ရင်ခွင်ထဲ ထွေးပွေ့ကာ ,,,

'' ငါက မင်းကို အကောင်းဆုံးတွေပဲ ဖန်တီးပေးချင်တာပါ,,, joongnie ရာ,,,''

ခပ်တိုးတိုး Minnie စကားအဆုံး ကျွန်တော့် စိတ်ထဲ နားမလည်သည့် ခံစားမူအချို့က ရင်ဘက်ကို ဖိနိုမ့်ထားသလို လေးလံနေသည်,,,, ပြီးတော့ နာကျငိနေမိသည်,,, ဘာတွေ နာကျငိနေတာလဲ kim jaejoong, ,,, ဘာတွေ နာကျင်နေတာလဲ,,, ဒီလမ်းကို ကျွန်တော် ရွေးခဲ့တာမဟုတ်လား,,,, မဖြစ်သင့်တဲ့ ခပ်ပေါပေါခံစားချက်တွေနှင့် အစော်ကားခံရတဲ့ တန်ဖိုးမဲ့ ကျွန်တော့် မာနတွေ,,,ပြီးတော့ မိုက်မဲစွာ ရက်ရောမိခဲ့တဲ့ ရှက်ရွံ့ဖွယ် ကျွန်တော့် အချစ်တွေ,,, ဒါတွေအားလုံးကို တွန်းလှန်နိုင်ဖို့ ,,,,မေ့ဖျောက်နိုင်ဖို့,,, ဖြတ်ဆီးပစ်ဖို့က Minnie ပင် တတ်နိုင်သည်မို့လား,,, Minnie သာ ကျွန်တော့် အနားရှိရင် ပြည့်စုံခြင်းလို့ ကျွန်တော် ခံယူထားသည်မို့လား,,, ဒါဆို ကျွန်တော် yunho ကို လိုအပ်သည့် စိတ်တွေ ပပျောက်သွားနိုင်သည်လေ,,,အချစ်ကို တန်ဖိုးမထားတဲ့ သူ့ကို ရှုံးနိုမ့်စေချင်သည်လေ, ,,, အနည်းဆုံးတော့ Minnie သာ အနားရှိရင် စောင့်ထိန်းမူနှင့် ကျွန်တော် သူ့ကို မေ့ပစ်နိုင်လိမ့်မည်,,, ရီတော့ ရီချင်သား,,, သူ့နားရှိနေသည့် 8လတာ ကာလတစ်လျှောက် သူကသာ ကျွန်တော့်ကို လိုအပ်ခဲ့တာဟု ထင်နေခဲ့တာ,,, တကယ့် တကယ်တော့ လိုအပ်ချက်ဆိုတာ ကျွန်တော့်မှာသာ ရှိနေခဲ့တာပဲ,,, ပြီးတော့ လိုအပ်မူဆိုတာလဲ ကျွန်တော့် မှာသာ ရှိနေခဲ့တာ,,, ကျွန်တော် သာလျှင် jung yunho ကို လိုအပ်နေခဲ့မိတာပေါ့,,, အမုန်းတရားတွေကြားက သေးနုပ်တဲ့ ဒီလိုအပ်ချက်လေးက အချစ်ကို ဖြစ်ပေါ်စေတယ်တဲ့လား,,,, အံ့သြော်စရာကောင်းလွန်းခဲ့တာလား,,,, စိတ်ပျက်စရာ ကောင်းလွန်းခဲ့တာလား,,,,သေချာတာကတော့ သူ့အတွက် ဖြစ်ပေါ်လာတဲ့ ကျွန်တော့် အချစ်က လှပမူတစ်ခု မဟုတ်ခဲ့ခြင်းပင်,,,

နတ်ဆိုးΌπου ζουν οι ιστορίες. Ανακάλυψε τώρα