လီ၏ မျက်ခုံးများသည် အနည်းငယ် တွန့်ချိုးသွားကာ သူ့ခေါင်းက အပ်ချုပ်ဖို့ဆက်လုပ်နေပေမဲ့ လီမန်ရဲ့ ရှက်ရွံစွာ ထွက်ပြေးသွားတဲ့ ပုံရိပ်လေးက သူ့စိတ်ထဲမှာ ရုတ်တရက်ဝင်ရောက်လာပြန်သည်။ သူ့ရဲ့ ငယ်ရွယ်ကြည့်ကောင်းတဲ့ နှုတ်ခမ်းဖျားများက ပိုလို့ပင်အထက်သို့ကွေးတက်သွားလေသည်။

" စတုတ္ထအကို! ဘာတွေရယ်နေတာလဲ? " လီရှောင်းဝူက စောင်ပေါ်မှာထိုင်နေရင်းကနေ သူ့ကိုမော့ကြည့်လိုက်၏။

လီသည် သူ့လက်ချောင်းထိပ်လေးများကို ကွေးကောက်ကာဆွဲယူနေရင်း သူ့ညီလေးကိုကြည့်လိုက်သည်။

" မင်းဘာလို့မသွားသေးတာတုန်း? "

" ကျွန်တော်သွားတယ် ဒါပေမဲ့အမက သူအလုပ်ရှုပ်နေတယ်တဲ့ "
လီရှောင်းဝူကပြန်ဖြေသည်။

တကယ်တော့ သူက သူ့အမနဲ့လည်းအတူရှိနေချင်ပြီး သူ့စတုတ္ထအကိုနဲ့လည်း အတူရှိနေချင်ပြန်တာဖြစ်သည်။

လီက ဘာမှဆက်မပြောတော့ဘဲ အဝတ်တွေကိုဆက်ချုပ်နေခဲ့သည်။ သူ့လုပ်ပုံလုပ်နည်းက ရှင်းလင်းပြီး သပ်ရပ်သည်။ ခဏအကြာမှာတော့ စောင်တစ်ထည်လုံးချုပ်ပြီးသွားပြီဖြစ်၏။ သူက ထိုအခင်းကိုခေါက်လိုက်ပြီး နောက်အိပ်ရာတစ်ခုကို ထပ်ချုပ်တော့၏။

အိပ်ရာခင်းသုံးခုလုံးကို လီမန်ကအမှောင်ကြီးထဲမှာ မချုပ်နိုင်ပေ။ ဒါပေမဲ့ လီကတော့ နာရီဝက်အတွင်းမှာပဲ အကုန်လုံးကိုချုပ်ပြီးသွားပြီဖြစ်၏။

သူက အိပ်ရာခင်းတစ်ခုကို လီမန့်အိပ်ရာပေါ်မှာတင်ထားခဲ့လိုက်ပြီး ကျန်တဲ့နှစ်​ခုကိုတော့ အရှေ့ဘက်အိမ်မှာသွားထားဖို့ လီရှောင်းဝူကိုခိုင်းလိုက်သည်။

လီက လီမန့်ရဲ့ ခုံလေးပေါ်တွင်ထိုင်ကာ အဝတ်တွေကိုခေါက်ပြီးနောက် သူ့လက်ထဲကအပ်ကို တံတွေးဆွတ်လိုက်သည်။  သူက လီမော့အမဲလိုက်သွားတုန်းက ပြဲလာတဲ့အဝတ်တွေကို ပြန်ချုပ်ပေးဖို့်လုပ်နေတာဖြစ်၏။

အဝတ်တွေကိုချုပ်ပြီးတဲ့နောက်,

လီရှောင်းဝူဝတ်ထားတဲ့အဝတ်တွေက တိုကာ စုတ်ပြဲနေပြီဖြစ်တာကြောင့် သူ့အတွက်အဝတ်နှစ်စုံလောက်လဲပေးသင့်ပြီဟု သူတွေးလိုက်သည်။

ကံကောင်းသော ဇနီးသည်Where stories live. Discover now