5. Bathing

254 29 0
                                    

[Unicode]

အံမယ်! သူ့ကိုစိုက်ကြည့်ရဲလောက်တဲ့အထိ သတ္တိကတော့ နည်းနည်းကြီးပုံရသားပဲ။

လီယန်က မျက်ခုံးတစ်ဖက်ပင့်တင့်လိုက်ရင်း ဗီရိုကိုဖွင့်လိုက်သည်။ ထို့နောက် သန့်ရှင်းတဲ့အဝတ်စုံလိုက်ကို ထုတ်ပေးလိုက်၏။

အဲ့အချိန်မှာပဲ ​ရှောင်းဝူမဟုတ်တဲ့ လီရှူက ရေနွေးထည့်ထားတဲ့ပုံးနဲ့ အထဲသို့ဝင်လာလေသည်။

သူကအိမ်ထဲကိုဝင်လာတာနဲ့ ပုံးကို မြေကြီးပေါ်ချပြီး လီမန့်ကိုကြည့်လိုက်သည်။

" ရေချိုးဖို့ ရေနွေး! "

မင်းတို့သိထားရမှာက သူကသူ့မိန်းမရေချိုးဖို့ရေကို မထိတထိမျက်နှာထားနဲ့ပေးတာဆိုပေမဲ့လည်း သူ့စိတ်ထဲမှာတော့အလွန်ပျော်နေတာဖြစ်သည်။

" မင်းကအရမ်းကိုတက်ကြွနေတာပဲ ပြီးရင်လည်း အိမ်ရှေ့မှာရေသွားချိုးတော့! "

လီယန်က သူ့ညီငယ်ကိုကြည့်လိုက်သည်။ သူ့မိသားစုဝင်တွေကိုရှင်းရှင်းလင်းလင်းမှတ်မိနေပေမဲ့ ဒီလို ညစ်ညမ်းတဲ့ မျက်နှာထားမျိုးနဲ့ဆိုရင်တော့ ခပ်ဝေးဝေးမှာသာနေသင့်သည်။

လီရှူက အတော်ကြီးနာခံမှုရှိလှသည်။ သူကရေခိုးငွေ့တွေကြားကပြေးသွားပြီး ရေစည်နားသို့ တိုးသွားသည်။ သူရေတွေလောင်းထည့်ပြီးသွားတာနဲ့ လီမန့်ကိုလှမ်းခေါ်လိုက်၏။

" ဒီကိုလာခဲ့ ရေချိုးမယ်! "

သူမကိုရေချိုးဖို့သူခေါ်နေတာလား? သူမကကောင်းကောင်းနားမလည်ဘူးဆိုပေမဲ့လည်း သူတို့အပြုအမူတွေကနေ ၈ ခု ၉ ခုနီးပါးလောက်ကို ခန့်မှန်းနိုင်ပါသေးတယ်။

ဒါပေမဲ့ အိမ်ထဲမှာယောက်ျားနှစ်ယောက်ရှိနေတာလေ သူမကဘယ်လိုဆေးကြောနိုင်မှာလဲလို့?

သူမ မလှုပ်တာကိုမြင်တော့ မိုက်မဲပြီးနားမလည်တဲ့အကြည့်ဖြင့် လီရှူသည် စိုးရိမ်တကြီးဖြစ်လာကာ လီမန့်ဆီသို့ ပြေးသွားချင်ခဲ့သည်။ ရလဒ်ကတော့ လီယန်က သူ့လက်မောင်းကိုဆွဲကာ လိမ်ဆွဲလိုက်ပြီး တံခါးအပြင်ကိုတွန်းထုတ်လိုက်တာဖြစ်၏။

ကံကောင်းသော ဇနီးသည်Where stories live. Discover now