150:ငါ ရှိတယ်

Start from the beginning
                                    

ဟဲကျင့်ရင်ထဲထိခတ်သွားရသည်။ စိတ်မလုံမခြုံဖြစ်နေသောချင်ယွီ၏ပုံပန်းသဏ္ဍာန်ကို သူ ရှင်းရှင်းလင်းလင်း မြင်လိုက်ရပါ၏။ လွန်ခဲ့သည့် တစ်နာရီခန့်က အဆောက်အဦးမှ ထွက်လာခဲ့သည့်အချိန်တွင်လဲထိုကဲ့သို့မျက်နှာအမူအရာကိုတွေ့လိုက်ရသေးသည်။ သူ့မျက်နှာပေါ်ရှိ အထီးကျန်မှုသည် စွန့်ပစ်ခံထားရသောအိမ်မွေးတိရစ္ဆာန်လေးတစ်ကောင်လို ဖြစ်နေခဲ့သည်။

သေချာသလောက်ကိုဟဲကျင့် ချင်ယွိကိုအကြွေးအရမ်းတင်နေပါပြီပင်....

"ငါအလုပ်ကတော့ထွက်မှာ ဒါပေမယ့်အရမ်းတော့မြန်မှာမဟုတ်ဘူး။ငါအလုပ်ထွက်စာတင်ပြီးရင်တောင်တစ်လလောက်တော့ကြာဉီးမှာ။ပြီးတော့ငါအိမ်မှာကျန်တဲ့ကိစ္စတွေရှင်းရဉီးမယ်။မင်းဘာလို့မနက်ဖန်အရင်မပြန်နှင့်ရမှာလဲ ပြီးရင်ငါကိစ္စအားလုံးရှင်းပြီးတာနဲ့A မြို့ကိုချက်ချင်းလိုက်လာခဲ့မယ် အဲ့လိုဆို အဆင်ပြေလား?"

ဟဲကျင့်ကချင်ယွီကိုကြည့်ကာအကြံပေးလိုက်သည်

ချင်ယွီကမျက်မှောင်ကြုတ်ကာဖြင့် သူဟဲကျင့်ကိုQ မြို့မှာမထားခဲ့နိုင်ပါ မနက်ဖန်သူနဲ့အတူတပါးထဲခေါ်သွားချင်တယ် အဲ့ဒါမှဟဲကျင့်သူထပ်ပြီးစိတ်ပြောင်းလို့မရတော့မှာ အဲ့လိုဆိုသူလဲစိုးရိမ်စရာမလိုတော့ဘူးလေ

ဟဲကျင့် က သူစိုးရိမ်တာကို နားလည်သွားပုံရပြီး သူက

"မင်းကို နေ့တိုင်း ဖုန်းဆက်မယ်လေ တကယ်လို့ပိတ်ရက်တွေမှာငါအားရင် မင်းအလုပ်ရှိတဲ့နေရာကိုငါလာတွေ့မယ် ငါက မင်းငါ့ကြောင့် ဒုက္ခများမှာကိုပဲစိုးရိမ်တာ ဘာလို့ဆိုမင်းကနာမည်အရမ်းကြီးနေပြီဆိုတော့အချိန်တိုင်းကြည့်နေတဲ့မျက်လုံးတွေကလည်းရှိနေတာကိုး"

ချင်ယွီသည် ဟဲကျင့်ကိုတင်းတင်းကြပ်ကြပ်ဖက်လျက်လှည့်ကာဖြင့်နေရာအနှံ့လိုက်နမ်းတော့သည်။ သူ့ချစ်သူ သူ့ရင်ခွင်ထဲမှာရှိနေတာထက် ဘယ်အရာမှမကောင်းနိုင်တော့ပါချေ။

ဟဲကျင့်က သူ့အောက်သို့လှဲချခံလိုက်ရသဖြင့် ကူကယ်ရာမဲ့စွာဖြင့်ရယ်မောလိုက်သည်။ သူကချင်ယွီကို သူ့တစ်ကိုယ်လုံးကို နမ်းခွင့်ပေးထားလိုက်ပြီး သူသည်လည်းချင်ယွီကိုပြန်နမ်းနေလိုက်သည်

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now