နောက်တစ်ရက်တွင် ကျန်းကျိရင်က သိသိသာသာဖြင့် စိတ်ဓာတ်ကျနေခဲ့သည်။ သူက အလွန်ဆိုးရွားသော အခြေအနေသို့ ရောက်နေပြီး အမိန့်ပေးနိုင်သော စွမ်းရည်မရှိကြောင်းကိုလည်း သိထားသည်။ ထို့ကြောင့် သူ၏ အမိန့်ပေးနိုင်စွမ်းအားကို သာ့တောင့်ထံ လွှဲထားပေးလိုက်သည်။ ဌာန၅ကို တာဝန်ယူသောလူနှင့် ပူးပေါင်းခိုင်းလိုက်သည်။

ယွီဟော်အခြေစိုက်စခန်းက အလွန်အင်အားကြီးပြီး ပစ္စည်းအပြည့်အဝရှိကာ စွမ်းရည်အသုံးပြုသော အသုံးပြုသူများက မဟာမိတ်အဖွဲ့တစ်ခုလုံးနှင့် ယှဥ်လျှင်ပင် များပြားနေသေးလေသည်။ မိုးကြိုးအဖွဲ့နှင့် ချင်ထုံး ဌာန၅က သိသိသာသာပင် ဖျက်ဆီးခံလိုက်ရသည်။

တတိယမြောက်နေ့တွင် ကျန်းကျိရင်က ပြန်လည်အမိန့်ပေးနိုင်သည်။ သို့သော် စစ်ကြောင့် ဆိုးဆိုးရွားရွား အထိနာထားသော အနေအထားမျိုးထံမှ ပြန်လည် အင်အားပြည့်လာရန် ခက်ခဲနေသေးလေသည်။

ချင်ထုံးဌာန၅၏ အစည်းအဝေးခန်းထဲတွင် အထွေထွေတာဝန်ခံက ကျန်းကျိရင်၏ သိသိသာသာပင် နွမ်းနယ်နေသော မျက်နှာကို ကြည့်လိုက်ပြီးနောက် ထပ်မေးပြန်သည်။

"ခေါင်းဆောင်ကျန်း ဘာပြောလိုက်တာလဲ"

"ပီလုမြို့ကို လက်လျှော့လိုက်ပြီး ကိုယ့်အင်အားကိုယ်ပဲ ဖြည့်တော့၊ ငါတို့ဗျူဟာ ထပ်ထုတ်လို့ ရနိုင်တယ်"

ကျန်းကျိရင်က ခေါင်းကိုမော့ပြီး ထပ်ပြောသည်။

"ဒါပေမဲ့ ဒါက ပီလုမြို့ကို လက်လျှော့လိုက်တာနဲ့ တူတူပဲ၊ ပီလုမြို့မရှိတော့ရင် လုံခြုံရေး တတိယအလွှာတစ်ခုလုံးက အန္တရာယ်ရှိသွားပြီ"

ခေါင်းဆောင်က စိုးရိမ်တကြီးပြောသည်။

ကျန်းကျိရင်က ခါးသည်းစွာပြန်ပြီး ခေါင်းကို ခါသည်။

82 02

"ဒါပေမဲ့ ငါတို့ သူတို့ကို မနိုင်ဘူး၊ သူတို့က လူအင်အားအများကြီးရှိတယ်၊ လက်နက်အပြည့်အဝလည်း ရှိတယ်၊ မိုးကြိုးအဖွဲ့လောက်နည်းပါး အင်အားကြီးနေခဲ့တာ၊ ငါတို့က လှုပ်ရှားမှု တစ်ခုခု လုပ်ဖို့တောင် အင်အားက အကန့်အသတ်ရှိနေတာ၊ အခုဒီလို လက်ရှိလို အခြေအနေမျိုးနဲ့ မဟာမိတ်က ငါတို့ကို ကူညီဖို့ လူလွှတ်လာဦးမှာ မဟုတ်ဘူး၊ အဲဒီတော့ အာရုံစိုက်ထားဖို့ နည်းလမ်းတစ်ခုရှာပြီး ဒီနေရာမှာ ဆက်နေနေတာမျိုးထက် ကိုယ့်အင်အားကို ဆက်မြှင့်နိုင်အောင် ကြိုးစားကြတာက ပိုကောင်းလိမ့်မယ်"

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now