147:တကယ်ကြီးကောင်မလေးမရှိဘူးလား

Začít od začátku
                                    

အလုပ်လုပ်သည့်ဒုတိယနှစ်မှာတော့ဟဲကျင့်အရင်ကထက်ပိုအားနည်းနေသလိုခံစားနေရသည်။သူစာပဲလုပ်နေတုန်းကဆိုသူတနေကုန်နီးပါးတက်ကြွနေခဲ့တာပါပဲ။အခုတော့သူအလုပ်ထဲမှာတရေးတမောအိပ်နေရပြီ အဲ့လိုမှမဟုတ်ရင် သူလုံးဝကိုအလုပ်မှာပင်ပန်းနေသလိုခံစားနေရတော့ပါ၏။ဘာကပိုဆိုးဉီးမှာတဲ့လဲ?သူအဖျားကျသွားတာတောင် လုံးဝကိုအားမရှိနေသလိုမျိုးပဲ

မနေ့ညက အင်း ဆိုတဲ့ပြန်စာလာပြီးနောက်မှာတော့ ချင်ယွီကစာထပ်မပို့လာတော့ပဲဟဲကျင့်သည်လည်း စာပြန်မပို့တော့ချေ။

သူတို့နှစ်ဦးသည် ဒီထူးဆန်းတဲ့အရှိန်အဟုန်ကို ထိန်းထားပုံရပြီး သူတို့ထဲကတစ်ယောက်မှ ရှေ့သို့ ခြေတစ်လှမ်းမလှမ်းခဲ့ပေ။ သူတို့သည် သူတို့ရဲ့ဘဝကို ဒီတိုင်းပဲဆက်လက်ရှင်သန်နိုင်ပုံရလေရဲ့

ဟဲကျင့် သည် ချင်ယွီ ၏နံပါတ်ကို မသိမ်းထားဝံ့ပါချေ။ တခါတရံမှာ သူသိမ်းထားဖို့ ရွေးချယ်ထားတဲ့ မက်ဆေ့ချ်အနည်းငယ်ကိုကြည့်နေလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူအဲ့မရင်းနှီးတဲ့နံပါတ်ကိုမှတ်မိနေပြီဖြစ်ကာ သူပြောင်းပြန်တောင်ရွတ်ပြနိုင်ပါ၏။

ညနေပိုင်းတွင် ချင်ယွီသည်ရှောင်ကျိုးစုဆောင်းထားသော အချက်အလက်ကို လက်ခံရရှိခဲ့သည်။

"မစ္စတာ ဟဲက xx ကုမ္ပဏီမှာ အလုပ်လုပ်တယ်။ မနက်7 နာရီ 45 မှာအိမ်ကထွက်ပြီး 8:20 ဆိုရုံးကိုရောက်ပါတယ်။သူက နေ့လည်မှာ xx ခရိုင်မှာရှိတဲ့‌ဆေးရုံကိုသွားခဲ့ပါတယ် ဘာလို့ဆို သူအအေးမိနေလို့ အဲ့အတွက်ကြောင့် သူအရေးပေါ်ကိုသွားပြီးတော့ အကိုက်အခဲပျောက်ဆေးသွားယူခဲ့ပါတယ်။ညနေ 5 နာရီမှာတော့ သူရုံးဆင်းသွားပြီး အခုဆိုအိမ်ပြန်ရောက်နေပါပြီ"

အအေးမိတာလား? ချင်ယွီကမျက်မှောင်ကြုတ်လျက် အဲ့ဒါကအအေးမိတာတော့မဟုတ်လောက်ဘူး။အဲ့နေ့တုန်းက သူတို့အလွန်အကျွံလုပ်ခဲ့တာ အဲ့ဒါကြောင့်ဒဏ်ရာရသွားပြီးတော့ အဖျားရှိနေတာဖြစ်လောက်တယ်

သူက သူ့လက်ပတ်ကိုဖွင့်လိုက်ပြီး မက်ဆေ့ချ်ပို့တဲ့နေရာပြောင်းလိုက်၍သူဘယ်လိုနေသေးလဲဆိုပြီးမေးဖို့လုပ်လေသည်။ဒါပေမယ့်လည်း သူ မင်းလို့စာရိုက်ပြီးချိန်မှာတော့ ချင်ယွီစိတ်ဆိုးသွားကာဖျက်လိုက်တော့သည်။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Kde žijí příběhy. Začni objevovat