146:ချင်ယွီလား?

Start from the beginning
                                    

ဒါပေမယ့် ဘာကြောင့် ဒီလိုမျိုးတွေ ဖြစ်နေရတာလဲ?ညီအကိုနှစ်​​ယောက်​ကဘယ်လိုဖြစ်လို့အတူတူဖြစ်နေရတာလဲ?သူ့တို့မိသားစုက ကျိန်စာသင့်နေတာလားဘာလဲ?

ဟဲကျင့်အမေကမထိန်းထားနိုင်တော့ပဲ သူမမျက်နှာကိုအုပ်လျက်ငိုလာတော့သည်

"ကျွန်မဘာအမှားများလုပ်မိလို့ ဒီလိုတွေဖြစ်နေရတာလဲ?"

ဟဲကျင့်အဖေက သူမကို တင်းတင်းကြပ်ကြပ် ဖက်ထားရင်း သက်ပြင်း ချလိုက်တော့သည်။ သူ့မျက်လုံးတွေလည်း နီရဲလာခဲ့၏။

အကယ်၍ ဟဲကျင့်သာယောင်္ကျားလေးတွေကိုသဘောကျတယ်ဆိုတာ အရင်ထဲကသိခဲ့ပါကသူမသည် ရူးသွပ်သွားပြီး သူ့ကို ပြောင်းလဲရန် တွန်းအားပေးနိုင်လေသည်။ဘယ်လိုပဲဖြစ်ဖြစ်အခုသုံးနှစ်တောင်ရှိပြီလေ ဟဲကျင့်လည်းမပြောင်းလဲချင်တာမှမဟုတ်တာ သူလည်းပြောင်းလဲချင်ခဲ့တာပါပဲဒီသုံးနှစ်အတွင်း သူလုပ်ခဲ့တာတွေက အကောင်းဆုံးသက်သေပါပဲ။ဒီတိုင်းသူမတတ်နိုင်ရုံတင်ပင် ဒါက သူ့ဝေဒနာရဲ့ အရင်းအမြစ်ပဲ။

ဟဲကျင့်အမေကအသက်ရှုရပ်မတတ် ခင်ပွန်းဖြစ် သူရဲ့ ရင်ခွင်ထဲမှာ အသဲအသန် ငိုနေခဲ့လေသည်။ဟဲကျင့်က သူ့အမေကို တိုက်ရိုက်မငြင်းဆန်ခဲ့ပဲအဲဒီအစား သူလုပ်နေတဲ့အရာတွေက သူ့အမေကို ပိုလို့တောင် တုန်လှုပ်သွားစေခဲ့ပြီး အဖြစ်မှန်ကို ဘယ်သူမှ မပြောင်းလဲနိုင်ဘူးဆိုတာ သက်သေပြခဲ့လေသည်။ သူမ၏နှလုံးသားသေဆုံးသွားပြီဟု သူမခံစားခဲ့ရပြီး ၎င်းသည် သူမအတွက် ဆိုးရွားလှသည်။

ဟဲကျင့်အမေကရုတ်တရက်မေးလာသည်။

"ကျွန်မကိုပြောစမ်းပါ သူအဲ့ဒီလူအကြောင်းတွေးနေသေးလား?"

ဟဲကျင့်အဖေက မျက်လွှာချလိုက်ပြီး စိုးရိမ်တကြီးနဲ့

"လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူ့ကို မေးကြည့် တော့ အဲဒီလူအကြောင်း ငါ့ကိုမပြောချင်တော့ဘူးထင်တယ် ငါ့ကိုနည်းနည်းပဲပြောခဲ့တာ"

ဟဲကျင့်အမေက တုန်လှုပ်ချောက်ချားပြီး "ဘာပြောလဲ?"

ဟဲကျင့်အဖေ: "သူငါ့ကိုပြောတာက အဲ့လူကသူ့အပေါ်အရမ်းကောင်းတယ်တဲ့"

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now